အမျိုးသား ရှေးဟောင်းရိုးရာယဉ်ကျေးမှု အနှစ်သာရများဆိုင်ရာ သင်တန်း - တစ်မူထူးခြားသော “ပေကျင်းအော်ပရာဇာတ် သင်တန်းသား” (အပိုင်း ၅)

အရင်းအမြစ် - 仰光中国文化中心ထုတ်ပြန်ချိန် - 2021-11-26 18:18:33


ဗီဒီယိုကို တရုတ်အမျိုးသားပေကျင်းအော်ပရာပြဇာတ်ရုံမှ ပံ့ပိုးတင်ဆက်ပေးထားသည်။



ပေကျင်းအော်ပရာဇာတ်သည် တရုတ်အော်ပရာဇာတ်များအနက်တွင် လွှမ်းမိုးမှု အကြီးမားဆုံးနှင့် ကိုယ်စားပြုနိုင်မှုအရှိဆုံး ပြဇာတ်အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံ၏ “အမျိုးသား ရှေးဟောင်းရိုးရာ ယဉ်ကျေးမှု၏ အနှစ်သာရ” ဟူ၍ပင် တင်စားသတ်မှတ်ခြင်း ခံရသည်။ တရုတ်ရိုးရာ ယဉ်ကျေးမှု၏ လွှမ်းမိုးမှုအရှိဆုံး အနုပညာလက်ရာများထဲမှ တစ်ခုဖြစ်သည့်အလျောက် ပေကျင်းအော်ပရာဇာတ်သည် နိုင်ငံတကာ၌ နိုင်ငံခြားသားများ လူသိအများဆုံး တရုတ်အော်ပရာဇာတ် အမျိုးအစားဖြစ်ပြီး ပို၍ များသထက် များလာသော နိုင်ငံခြားသားများ၏ နှစ်သက်မြတ်နိုးမှုကို ရရှိလာသည်။


WeChat Image_20211105111938.jpg


တရုတ်နိုင်ငံတွင် သတင်းထောက်အဖြစ် ကာလကြာရှည်စွာ လုပ်ကိုင်နေသော နိုင်ငံခြားသားတစ်ဦး ဖြစ်သည့် Nadim သည် ဖိတ်ကြားမှုအရ အမျိုးသား ပေကျင်းအော်ပရာပြဇာတ်ရုံတွင် ပေကျင်းအော်ပရာဇာတ်ကို လေ့လာသင်ယူရန် ရောက်ရှိလာခဲ့ပြီး အချိန် ရက်(၁၀၀)အတွင်း၌ ပေကျင်းအော်ပရာဇာတ် ဇာတ်အိမ်တစ်ခန်းကို သင်ယူတတ်မြောက်ရန် စိန်ခေါ်ခဲ့သည်။ ဤဗီဒီယိုတွင် ယခင်က အခြေခံပင် မရှိခဲ့ဖူးသော နိုင်ငံခြားသားတစ်ဦး ဖြစ်သည့် Nadim ၏ ပေကျင်းအော်ပရာဇာတ် လေ့လာသင်ယူမှု အကြောင်းအရာအား ရိုက်ကူးတင်ဆက်ထားသည်။ ဇာတ်ကြောင်းရွတ်ဖတ်ခြင်းမှအစ ကိုယ်ဟန်အမူအရာ လှုပ်ရှားမှုကကွက်နှင့် သီဆိုပုံ သံနေသံထားများအထိ တရုတ်ပေကျင်းအော်ပရာဇာတ်၏ အခြေခံကျသော ကျွမ်းကျင်ပိုင်နိုင်စွာရှိရမှု အတတ်ပညာများကို ဘက်ပေါင်းစုံမှ ပေါ်လွင်စွာ ဖော်ပြထားသည်။ သို့ပါ၍ ပေကျင်းအော်ပရာဇာတ် သင်တန်းသား Nadim သည် လုံးဝဆန်းသစ်သော အတွေ့အကြုံသစ်တစ်ရပ်ကို ဖြတ်သန်းခဲ့ရပြီး အလွန်ပင် ဆန်းကြယ်လှသည်ဟု ခံစားရပေသည်။