တရုတ်အစားအစာသင်ကြားခြင်း - ငါးပြေမမျိုးဝင်ငါးပေါင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-05 13:54:00


ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20211208090718.jpg


ငါးပြေမမျိုးဝင်ငါးပေါင်းသည် ကွမ်တုန်း(Guangdong)ပြည်နယ်၏ ဒေသအထင်ကရ ရိုးရာဟင်းလျာများအနက်မှ တစ်မျိုးဖြစ်သည်။ ၎င်းဟင်းလျာသည် ကွမ်တုန်း(Guangdong)ဟင်းလျာတွဲတွင် ပါဝင်ပြီး လေးပင်သော ငါးအရသာ ရှိသည်။ ငါးပြေမမျိုးဝင်ဖြစ်သည့် ၎င်းငါးသည် ရေချိုငါးများအနက် DHAဓာတ်ပါဝင်မှု အမြင့်ဆုံးဖြစ်သဖြင့် ဤဟင်းလျာသည် ဦးနှောက်အဖွံ့ဖြိုးစေနိုင်ဆုံး ဖြစ်သည်။


WeChat Image_20220105091845.jpg

WeChat Image_20220105091849.jpg

ပေါင်းသည့်အခါတွင် မီးအချိန်အဆကို ပိုင်နိုင်စွာ ကိုင်တွယ်တတ်ရပြီး ငါးအသားကို ကျက်ရုံလေး အနေအထားဖြစ်အောင် ပြုလုပ်ထား၍ နူးညံ့အိစက်နေကာ ငါး၏ လတ်ဆတ်ကောင်းမွန်သည့် အရသာကို အပြည့်အဝ ဖော်ထုတ်ထားပါသည်။ အရည်တွင် ဆန်အရက်၏ အချိုအရသာ ပါဝင်ပြီး ပဲငံပြာရည်ရနံ့ မွှေးနေကာ စားလိုက်သည့် အလုတ်တိုင်းမှာ မြိန်ရှက်လှပေသည်။