“ကျောက်ဖြူအနာဂတ်” တရုတ်ဘာသာစကားသင်တန်း ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့
မေလ (၁၀) ရက်နေ့တွင် “ကျောက်ဖြူအနာဂတ်” လူမှုအကျိုးပြုလုပ်ငန်းစီမံကိန်း၏ တရုတ်ဘာသာစကားသင်တန်း ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပထမအတွင်းဝန် Mr. Zhu Feng ၊ CITIC Myanmar ဒုတိယအထွေထွေမန်နေဂျာ Mr. Ma Chuanfu ၊ Mr. Shan Liming ၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံ Mr. Xiang Jianbo ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး ဒါရိုက်တာ Mr. Wang Lei ၊ Kunming Root Social Work Development Center ဒါရိုက်တာ Ms. Zhao Juan ၊ တောင်ပေါ်မြေပြန့်ဒေသဖွံ့ဖြိုးရေးနှင့် ထွက်ကုန်စျေးကွက်ရှာဖွေရေးကော်မတီ အထူးကိုယ်စားလှယ် ဦးစိုင်းအိုက်ပေါင်းနှင့် ဦးကျော်စွာစိုး၊ ကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်၊ အရှေ့တိုင်း ဘာသာစကားနှင့် စီးပွားရေးစင်တာ (ELBC) ကျောင်းအုပ်ဆရာကြီး Mr. Wang Chongci နှင့်တကွ ဆရာဆရာများ၊ ကျောင်းသူကျောင်းသားများ အဦးရေ (၉၀) ကျော် တို့ တက်ရောက်ခဲ့ကြသည်။
“ကျောက်ဖြူအနာဂတ်” တရုတ်ဘာသာစကား သင်ကြားရေးစီမံကိန်းကို ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် CITIC Myanmar နှင့် ယူနန်ပြည်နယ် Kunming Root Social Work Development Center တို့မှ ကြီးမှူးစီစဉ်ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အားဖြည့်ပါဝင်၍ အရှေ့တိုင်း ဘာသာစကားနှင့် စီးပွားရေးစင်တာ ကွန်ဖြူးရှပ်စာသင်ကျောင်းမှ ဆရာမများက သင်ကြားပို့ချပေးသွားကာ တောင်ပေါ်မြေပြန့်ဒေသဖွံ့ဖြိုးရေးနှင့် ထွက်ကုန်စျေးကွက်ရှာဖွေရေးကော်မတီတို့က တွဲဖက် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
ယင်းစီမံကိန်းအား သင်တန်းအပတ်စဉ် စုစုပေါင်း (၃) ခု ဖွင့်လှစ်ပြီး အပတ်စဉ်တစ်ခုလျှင် သင်တန်းကာလ (၃) – (၄) လခန့် ကြာမြင့်မည်ဖြစ်သည်။ ဤသင်တန်းများတွင် မြန်မာလူငယ်နှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းဝန်ထမ်းများ (၂၀၀) ဦးခန့် အတွက် အခမဲ့တရုတ်ဘာသာစကားသင်တန်းကို သင်ကြားပို့ချပေးသွားမည်။ သင်တန်းကာလတစ်လျှောက်တွင် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးနှင့် တရုတ်ယဉ်ကျေးမှုလေ့လာရေး အစရှိသော အစီအစဉ်များကိုပါ ထည့်သွင်းပေးသွားကာ သင်တန်းသားများအတွက် ပညာအခွင့်အလမ်း မြှင့်တင်ပေးနိုင်ရန်၊ တရုတ်ယဉ်ကျေးမှုအပေါ် ပိုမို သိရှိနားလည်စေရန်နှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တိုးပွားစေနိုင်ရန် ရည်ရွယ်ပါသည်။
ဤစီမံကိန်း၏ သင်တန်းအပတ်စဉ် (၁) အဖြစ် အတန်း (၄) တန်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသားဦီးရေ (၆၉) ယောက် လက်ခံထားသည်။ ယင်းတို့အနက် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံး (ရန်ကုန်) မှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် တရုတ်စကားပြောသင်တန်း (၁) တန်း၊ တရုတ်ဘာသာစကားကို ယခုမှစတင်၍ သင်ယူလိုသူ သင်တန်းသား (၃၇) ဦးအတွက် Basic သင်တန်း (၂) တန်းနှင့် တရုတ်စာအခြေခံရှိပြီးသား သင်တန်းသား (၂၃) ဦးအတွက် Intermediate အတန်း (၁) တန်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။