ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စီစဉ်ဖွင့်လှစ်သော တရုတ်နှစ်သစ်ကူးဟင်းလျာ အချက်အပြုတ်သင်တန်းမှ သင်တန်းပထမနေ့ပုံရိပ်များ
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-01-09 12:56:56
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ စီစဉ်ဖွင့်လှစ်သော တရုတ်နှစ်သစ်ကူးဟင်းလျာ အချက်အပြုတ်သင်တန်းကို ယနေ့ အတန်းစဖွင့်ခဲ့ပြီး သင်တန်းချိန် စုစုပေါင်း (၉)ချိန် စီစဉ်ထားရှိပါသည်။ သင်တန်းတွင် ယူနန်ဟော့ပေါ့၊ မြေအိုးကြက်သားမှိုဟင်းရည်၊ နို့ခြောက်ကြော် အစရှိသည့် တရုတ်ယူနန်ဟင်းလျာ (၁၂)မျိုးကို သင်ကြားပြသသွားမည် ဖြစ်ပါသည်။ သင်တန်းတွင် တက်ရောက်လျက်ရှိသော သင်တန်းသား (၁၀)ဦးအနေဖြင့် ယင်းသင်တန်းမှတစ်ဆင့် ၂၀၂၄ ခုနှစ်၏ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုရင်း တရုတ်ရိုးရာ အစားအသောက်ယဉ်ကျေးမှုကို လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။