ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ “တရုတ်လက်ဖက်ရည်ကြမ်းယဉ်ကျေးမှု” သင်တန်းမှ သင်တန်းပထမနေ့ပုံရိပ်များ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-12-22 16:13:11


ယနေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ “တရုတ်လက်ဖက်ရည်ကြမ်းယဉ်ကျေးမှု” သင်တန်းကို စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး သင်တန်းသား (၆)ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။ ယင်းသင်တန်းတွင် သင်တန်းချိန် စုစုပေါင်း (၁၂) ချိန် သင်ကြားပို့ချသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အဓိက အထင်ကရလက်ဖက်ခင်း၊ လက်ဖက်ရည်ကြမ်းယဉ်ကျေးမှုနှင့် အခြား လက်ဖက်ခြောက်၊ လက်ဖက်ရည်ကြမ်းနှင့် သက်ဆိုင်သော ဗဟုသုတများကို ဝေမျှသင်ကြားပေးသွားမည်ဖြစ်သည်။ ဤသင်တန်းမှတစ်ဆင့် တရုတ်လက်ဖက်ရည်ကြမ်းအနုပညာ၏ အလှတရားနှင့် ယဉ်ကျေးမှုအငွေ့အသက်များကို ခံစားရစေကာ သင်တန်းပြီးဆုံးချိန်တွင် ထူးချွန်သင်တန်းသူများအနေဖြင့် နောက်နောင် စင်တာတွင် ကျင်းပမည့် ယဉ်ကျေးမှုအနုပညာပြပွဲများ၌ လက်ဖက်ရည်ကြမ်းအနုပညာ တင်ဆက်ပြသခွင့်ကိုလည်း  ရရှိခံစားနိုင်မည်ဖြစ်သည်။