သတ္တမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ်စာရွတ်ဆိုခြင်း ဗိုလ်လုပွဲ (ရန်ကုန်မြို့) အောင်မြင်စွာ ကျင်းပပြီးစီး
မေလ (၁၂) ရက်နေ့တွင် သတ္တမအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ တရုတ်စာရွတ်ဆိုခြင်း ဗိုလ်လုပွဲ (ရန်ကုန်မြို့) ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ယင်းပြိုင်ပွဲအား Chinese Language and Culture Education Foudation of China မှ ကြီးမှူးပြီး Bowen School မှ တာဝန်ယူ၍ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် အခြားသော တရုတ်၊ မြန်မာ အဖွဲ့အစည်းများက အားဖြည့်ပါဝင် ကျင်းပခဲ့ပါသည်။
ယင်းပြိုင်ပွဲတွင် ရန်ကုန်တွင်းရှိ တရုတ်ကျောင်း (၁၁)ကျောင်း၊ ပြိုင်ပွဲဝင်ကျောင်းသား အဦး (၅၀၀) ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မူကြိုအဖွဲ့၊ ကလေးငယ်အဖွဲ့၊ ကလေးအဖွဲ့၊ လူငယ်အဖွဲ့ ဟူ၍ ခွဲထားပါသည်။ အကြိုပြိုင်ပွဲ၊ ဆန်ကာတင်ပြိုင်ပွဲများကို ယှဉ်ပြိုင်အပြီးတွင် ဗိုလ်လုပွဲသို့ ပြိုင်ပွဲဝင် (၄၉) ဦး တက်ရောက်လာခဲ့ပြီး နောက်ဆုံးတွင် အဖွဲ့တစ်ဖွဲ့စီမှ ပထမဆု (၁) ဆု၊ ဒုတိယဆု (၂) ဆုနှင့် တတိယဆု (၃) ဆုကို အကဲဖြတ်ရွေးချယ်ခဲ့ပါသည်။ ဆုရပြိုင်ပွဲဝင်များသည် ရန်ကုန်ကို ကိုယ်စားပြု၍ ကမ္ဘာလုံးဆိုင်ရာ ဗိုလ်လုပွဲကြီးတွင် ဗီဒီယိုပုံစံဖြင့် ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားရမည် ဖြစ်သည်။