တရုတ်ဂန္တဝင်မြောက်စကားစုများအား တရုတ်မြန်မာနှစ်ဘာသာဖြင့် စုစည်းတင်ပြခြင်း (၃၇)
ယခုအစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်းတွင် ဖော်ပြတင်ဆက်လျက် ရှိပါသည်။
【အဓိပ္ပာယ်အကျဉ်း】
ပညာဆည်းပူးလေ့လာသူသည် အဆက်မပြတ် ကိုယ်ထူကိုယ်ထကြိုးစားသင့်၏၊ အဲဒါမှ ပညာအရည်အချင်းတိုးမြှင့်လာမည်။ ပညာသင်ကြားရာ၌ တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းလိုက်လျှင် ခဲလေသမျှသဲရေကျသကဲ့သို့ ဖြစ်သွားမည်။ ရပ်ဆိုင်းလိုက်ခြင်းနှင့် ဆက်လက်ကြိုးစားခြင်းသည် သူများအပေါ်တည်နေခြင်း မဟုတ်ဘဲ မိမိအပေါ်သာ တည်နေသည်။
ခေတ် - ဆုံ့မင်းဆက်ခေတ် (အေဒီ ၉၆၀ - အေဒီ ၁၂၇၉ )
ကျူးရှီး၏ အဆို၊ ကွန်ဖြူးရှပ်ကထာကျမ်းဋီကာဖွင့်ကျမ်းနှင့် ကျူးရှီးရေးစာအုပ်ပေါင်းချုပ်မှ ကောက်နုတ်ချက်
အထက်ဖော်ပြပါ စကားစုများသည် People’s ပုံနှိပ်တိုက်နှင့် Guangxi Normal University ပုံနှိပ်တိုက်တို့မှ ထုတ်ဝေသည့် “တရုတ်ရိုးရာကျင့်ဝတ်နီတိအခွန်းတစ်ရာ” စာအုပ်မှ ထုတ်နုတ်တင်ပြထားခြင်း ဖြစ်သောကြောင့် “တရုတ်ရိုးရာကျင့်ဝတ်နီတိအခွန်း တစ်ရာ” စာအုပ်နှင့် သက်ဆိုင်သူပုဂ္ဂိုလ်များ အားလုံးအား အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း ဖော်ပြအပ်ပါသည်။