တရုတ်ဂန္တဝင်မြောက်စကားစုများအား တရုတ်မြန်မာနှစ်ဘာသာဖြင့် စုစည်းတင်ပြခြင်း (၃၈)
ယခုအစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်းတွင် ဖော်ပြတင်ဆက်လျက် ရှိပါသည်။
【အဓိပ္ပာယ်အကျဉ်း】
စျေးတောင်းခေါင်းရွက်၍ စီးပွားရှာနေသူများထံ၌စျေးဝယ်လျှင် ၎င်းတို့၏ ချွေးနည်းစာနှင့် လုပ်ကိုင်စားသောက်နေရသည်ကို စာနာသနားသင့်၍ တွက်ကပ်မနေသင့်ပါ။ စီးပွားရေးကျပ်တည်းသောဆွေမျိုး သို့မဟုတ် အိမ်နီးနားချင်းများကိုတွေ့ရှိပါကလည်း စာနာသနားကာ ကူညီဖေးမသင့်ပါသည်။
【ရှင်းလင်းချက်】
ဤစကားများသည် ကွန်ဖြူးရှပ်အတွေးအခေါ်များ၏ ကရုဏာတရားကို ဖော်ပြနေပါသည်။ ကရုဏာရှိသူသည် သူတစ်ပါးကိုမေတ္တာပွားနိုင်သည်။ တစ်ပါးသူအားစာနာသနားကာ အခက်အခဲကြုံတွေ့နေသူများကို တွေ့ရှိပါက လက်ကမ်းကူညီပေးသင့်သည်။ မျက်နှာလွှဲခြင်း သို့မဟုတ် တစ်ပါးသူပိုမိုခက်ခဲစေမည့် ကိစ္စများကို မပြုလုပ်သင့်ပါ။
အထက်ဖော်ပြပါ စကားစုများသည် Guangxi Normal University ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် “ကျူးဇီ၏အိမ်တွင်းရေးဆုံးမစကားများ” စာအုပ်မှ ထုတ်နုတ် တင်ပြထားခြင်း ဖြစ်သောကြောင့် “ကျူးဇီ၏အိမ်တွင်းရေးဆုံးမစကားများ” စာအုပ်နှင့် သက်ဆိုင်သူပုဂ္ဂိုလ်များ အားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။