ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား၊ တရုတ်အရသာ - ဆောင်းဦးလယ်ရာသီ စားဖွယ်ရာစားဖိုဆောင်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:26:48

640.jpg





ဤဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာမှ ပံ့ပိုးကူညီထားပါသည်။


图片


“တရုတ်အရသာ - ဆောင်းဦးလယ်ရာသီ စားဖွယ်ရာစားဖိုဆောင်”  သည် တရုတ်ရိုးရာ ဟင်းမယ်စုံကြီး လေးမျိုးအနက်မှ တစ်မျိုးဖြစ်သည့် ဟွိုင်ရန်ဟင်းလျာစုံ (Huaiyangcai) ကို အဓိက အကြောင်းအရာအဖြစ် ရွေးချယ်ထားပြီး စားဖွယ်ရာ အချက်အပြုတ် လေ့ကျင့်သင်ကြားပေးခြင်း၊ အပြန်အလှန် ပါဝင်ဆင်နွှဲခြင်း ကဏ္ဍများဖြင့် မြန်မာပြည်သူပရိသတ်များအား တရုတ်စားဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်နိုင်စေရန် ရုပ်သံဗီဒီယိုမှတစ်ဆင့် ညွှန်ကြားပြသပေးကာ အွန်လိုင်းပေါ်တွင် အပြန်အလှန် ပါဝင်ဆင်နွှဲ၍ လက်တွေ့တွင် လိုက်ပါလုပ်ဆောင်နိုင်မည့် ချိတ်ဆက်သင်ကြားမှုပုံစံဖြင့် စီစဉ်ထားရှိပါသည်။ တစ်ချိန်တည်းမှာပင် ဟွိုင်ရန်ဟင်းလျာစုံ (Huaiyangcai) နှင့် ကျန်းစူး (Jiangsu) ဆောင်းဦးလယ်လမုန့်ပွဲတော် စားဖွယ်ရာများကို မိတ်ဆက်ရင်းမှတစ်ဆင့် စားဖွယ်ရာများ၏ နောက်ကွယ်မှ သမိုင်းကြောင်းနောက်ခံများနှင့် ဆောင်းဦးလယ် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ပေါင်းစည်းရောစပ်ကာ ထိုက်ဟူ(Taihu)ကန်ဒေသ အစားအသောက်ယဉ်ကျေးမှု၏ “ အနုစိတ်မှု၊ ကြော့ရှင်းလှပမှု၊ ချစ်ခင်သင့်မြတ်မှု၊ သဘာဝကျမှု” အနှစ်သာရများကို အပြည့်အဝ ဖော်ပြပြီး ညှို့ငင်ဆွဲဆောင်နေသော ဝူရှီး(Wuxi)မြို့၊ ကဗျာဆန်သော ရေပေါ်ဒေသ ကျန်းစူး(Jiangsu)ပြည်နယ်၏ ခရီးသွားတန်ဖိုးများကို ဖော်ဆောင်ပြသသွားမည် ဖြစ်ပါသည်။