ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - “ဆောင်းဦးလယ် လပြည့်ဝန်း” အွန်လိုင်းသင်တန်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:26:00

图片





ဤဗီဒီယိုကို တရုတ်နိုင်ငံယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန တစ်နိုင်ငံလုံးဆိုင်ရာ အများပြည်သူယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ပံ့ပိုးကူညီထားပါသည်။


图片


ဆောင်းဦးလယ်လမုန့်ပွဲတော်သည် ကဗျာစာပေ၊ စားသောက်ဖွယ်ရာ၊ ရိုးရာဓလေ့စသဖြင့် ဘက်ပေါင်းစုံပါဝင်နေသော ပွဲတော်ယဉ်ကျေးမှုတစ်ခု ဖြစ်ပါသည်။ လူသားတို့၏ ပြန်လည်ဆုံစည်းသင့်မြတ်ခြင်းဟူသော လှပသည့်စိတ်ခံစားမှုကို လိုလားတောင့်တမှုများလည်း ပေါင်းစပ်ပါဝင်နေသည်။ “ဆောင်းဦးလယ် လပြည့်ဝန်း” အွန်လိုင်းသင်ခန်းစာဗီဒီယိုအပိုင်းတွဲတွင် ဆောင်းဦးလယ်ရိုးရာကိုအခြေပြုပြီး “ဝင်ရောက်၊ ခံစား၊ နားလည်၊ သင်ယူ” အစရှိသည့် အလွှာ (၄) လွှာမှနေ၍ “ဆောင်းဦးလယ်ရာသီပွဲတော်အကြောင်း စိတ်ဝင်စားဖွယ်မိတ်ဆက်ခြင်း”၊ “ဆေးရောင်စုံဖြင့် ရှေးပေကျင်း ယုန်သခင်ကြီးအရုပ်”၊ “ကွမ်တုံစတိုင်လမုန့်ပြုလုပ်နည်း” အစရှိသည့် ရုပ်သံတိုများ ပြသပေးသွားမည် ဖြစ်သည့်အတွက်ကြောင့် မြန်မာအွန်လိုင်းပရိတ်သတ်များအားလုံးကို ကျွန်ုပ်တို့နှင့်အတူ အွန်လိုင်းပေါ်တွင် အတူတကွဆုံစည်းရင်း ဆောင်းဦးလယ်လမုန့်ပွဲတော်ရက်မြတ်အခါသမယ၏ နောက်ကွယ်ရှိ ယဉ်ကျေးမှုကို ခံစားကြည့်ရှုရန်အတွက် ဖိတ်ခေါ်အပ်ပါသည်။