တရုတ်စားသောက်ဖွယ်ရာ - ဆီးသီးနီပန်းကြာစွယ်အချိုပွဲ
ဤဗီဒီယိုကို တရုတ်နိုင်ငံယဉ်ကျေးမှုအွန်လိုင်းစာမျက်နှာအင်္ဂလိပ်ဘာသာဌာနမှ ပံ့ပိုးကူညီတင်ဆက်သည်။
ဆီးသီးနီပန်းကြာစွယ်အချိုပွဲသည် တရုတ်နိုင်ငံ၏ တမူထူးခြားသော ရိုးရာအစားအစာတစ်မျိုးဖြစ်သည်။ ကြာစွယ်နှင့် ကောက်ညှင်းဆန်ကို အဓိကသုံးပြီး တရုတ်ဆီးသီး၊ အောစမန်ပန်း၊ ပျားရည်တို့ကို တွဲဖက်ကာ ချက်ပြုတ်ထားခြင်းဖြစ်သည်။ ထိုအချိုပွဲသည် နူးညံ့စေးပျစ်ကာ ချိုမြိန်မွှေးပျံ့လှသည်။ လူကြီးလူငယ် အရွယ်မရွေး စားသုံးနိုင်ပြီး အရသာပြည့်စုံကောင်းမွန်လှသည်။ ဆီးသီးနီပန်းကြာစွယ်အချိုပွဲကို လူတော်တော်များများ ကြိုက်နှစ်သက်ခြင်းသည် စေးစေးချိုချိုရှိသော အရသာကြောင့်သာမက ကျန်းမာရေးအတွက် အလွန်အဖိုးထိုက်တန်သော အာဟာရဓာတ်များစွာ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။ ကောက်ညှင်းဆန်သည် တေဇောဓာတ်ကြွယ်ဝပြီး သွေးအားကောင်းစေသည်၊ ကြာစွယ်သည် အာပေါဓာတ်ကြွယ်ဝကာ အပူငြိမ်းစေသည်။ ဤကဲ့သို့ လိုက်ဖက်ညီစွာ ကျိုချက်လိုက်သည့်အခါ သရက်ရွက်ကိုအားဖြည့်ပေးပြီး အစာအိမ်ကိုကောင်းမွန်စေသည့် အကျိုးကျေးဇူးများမှာ ပေါ်လွင်ထင်ရှားလှသည်။