တရုတ်စားသောက်ဖွယ်ရာ - ကျောက်ငါးပေါင်း
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:25:55
ဤဗီဒီယိုကို ဟူပေပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားသည်။
ကျောက်ငါးပေါင်းဟူသည်
တရုတ်နိုင်ငံ၏ နာမည်ကျော် ရိုးရာဟင်းလျာတစ်မျိုးဖြစ်သည်။ ကျောက်ငါး၏
အာဟာရတန်ဖိုးမှာ မြင့်မားပြီး ပရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ကယ်လစီယမ်၊
ဖော့စဖိတ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ပြည့်ဝစွာပါဝင်ပြီး အသားနူးညံ့ကာ
အရသာရှိလှပေသည်။ ကိုလက်စရောနည်းပါးပြီး ပရိုတင်းဓာတ်ကြွယ်ဝသော
အကောင်းစားငါးတစ်မျိုးဖြစ်သည်။ ဒီအတိုင်းပေါင်းစားသည့်နည်းလမ်းမှာ
ကျောက်ငါးတွင်ပါဝင်သော အာဟာရဓာတ်များ မပျက်ပြယ်အောင်
ထိန်းသိမ်းထားနိုင်မည်ဖြစ်ပြီး အသား၏နူးညံ့ခြင်းနှင့် လတ်ဆတ်သောအရသာကို
ထိန်းထားနိုင်မည်ဖြစ်သည်။ ယနေ့မှာတော့ အားလုံးအတွက် ဤဗီဒီယိုမှတစ်ဆင့်
ကျောက်ငါးပေါင်းသည့်နည်းလမ်းအား သင်ကြားမျှဝေလိုက်ရပါသည်။