Cloud Classroom - တရုတ်တိုင်းရင်းသားရိုးရာအကသင်တန်း “ကျွမ့်တိုင်းရင်းသားရိုးရာအက”
ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ် တိုင်းရင်းသားရိုးရာ အကသင်တန်း” ၏ နဝမမြောက်အပတ် သင်တန်းဖြစ်သော “ကျွမ့်ကျေးလက်တောရွာ အကအလှ” အမည်ရှိ ကျွမ့်တိုင်းရင်းသား ရိုးရာအကကို တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။
ဓာတ်ပုံကို အင်တာနက်မှ ကူးယူဖော်ပြထားပါသည်။
ကျွမ့်တိုင်းရင်းသားရိုးရာအက၏ သမိုင်းကြောင်းသည် ကြာရှည်လှပြီဖြစ်သည်။ ရှေးဟောင်းသုတေသန ပညာရှင်များသည် အကြိမ်ပေါင်းများစွာ ကျွမ့်တိုင်းရင်းသားလူမျိုး သမိုင်းဦးရှေးလူများ၏ လုပ်အား၊ လူနေမှုဘဝနှင့် ယုံကြည်ကိုးကွယ်ရာ ရုပ်ပုံများကို ထင်ဟပ်ဖော်ပြနေသည့် ကျောက်ဆောင်ပန်းချီနှင့် ကြေးစည်များ၊ ကျောက်ဆောင်ပန်းချီနှင့် စည်မျက်နှာပြင်ကိုယ်ထည်ပေါ်တွင် ထွင်းထုထားသော အလွန်လှပသည့် ဘူးသီးပလွေအက (Hulusheng)၊ ငှက်မွေးတောင်နှင့်လူအက (Yuren) ၊ နွားတိုက်ခြင်း ၊ လှေပြိုင်ခြင်း စသည့်ရုပ်ပုံများကို လေ့လာတွေ့ရှိခဲ့ရသည်။ ဤအဖိုးတန် ရှေးခေတ် သမိုင်းဦးအနုပညာများသည် ကျွမ့်တိုင်းရင်းသားရိုးရာအကများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် နက်ရှိုင်းစွာ ဆက်နွယ်မှုရှိနေပေသည်။
ကကွက်တစ်ကွက်ချင်းစီ သင်ကြားခြင်း
ကကွက်အပြည့်အစုံသင်ကြားခြင်း
ဤဗီဒီယိုကို ယူနန်ပြည်နယ် ပြည်နယ်ယဉ်ကျေးမှုစင်တာမှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။
ဤအစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ယူနန်ပြည်နယ် ပြည်နယ်ယဉ်ကျေးမှုစင်တာတို့ အတူတကွ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အသစ်ထပ်မံ ဖော်ပြ တင်ဆက်သွားမည် ဖြစ်ပါသည်။