Cloud Classroom - တရုတ်တိုင်းရင်းသားရိုးရာအကသင်တန်း “မြောင်တိုင်းရင်းသားရိုးရာအက”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:22:59


ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “တရုတ် တိုင်းရင်းသားရိုးရာ အကသင်တန်း” ၏ ပဉ္စမမြောက် အပတ် သင်တန်း ဖြစ်သော “ပန်းတောင်တန်း တေးအလင်္ကာ” အမည်ရှိ မြောင်တိုင်းရင်းသား ရိုးရာအကကို တင်ဆက် ပေးသွားမည် ဖြစ်ပါသည်။


图片


မြောင်တိုင်းရင်းသားများသည်  အဆိုအကများ ပေါကြွယ်ဝလှသော လူမျိုး ဖြစ်ပါသည်။ အဓိကအားဖြင့် Lu sheng ခေါ် ငြင်း တီးမှုတ်တူရိယာအက၊ ကြေးစည်အက၊ သစ်သားစည်တော်အက၊ ထိုင်ခုံအကနှင့်   ကူဖျောင် တီးခတ်တူရိယာ (Gu Piao) အက အစရှိသည့် အကများ ရှိပြီး ထိုအနက်မှ Lu sheng ခေါ် ငြင်း တီးမှုတ်တူရိယာ အကသည် ရေပန်းအစားဆုံး ဖြစ်ပါသည်။ အမျိုးသားများက ငြင်းတူရိယာကို တီးမှုတ်ပြီး သီးသန့် အခြားလူတစ်ဦးက ကြေးစည်ကို တီးခေါက်ကာ ခမ်းခမ်းနားနား ဝတ်စားဆင်ယင်ထားပြီး ဦးခေါင်းထက်တွင် ငွေသရဖူ ဆောင်းထားသော မိန်းမပျိုလေးက လက်မောင်းနှစ်ဖက်ကို ငှက်တောင်ပံခတ်အသွင် အနည်းငယ် ဖြန့်ကျက်လျက် ကဟန်ဖြင့် စတင်ကခုန်ကာ ဖျော်ဖြေလေ့ ရှိပါသည်။


图片


မြောင်တိုင်းရင်းသားတို့၏ အပျော်သဘော အကတွင် ဦးခေါင်းထက်၌ ငွေသရဖူဆောင်းကာ ရောင်စုံ စကတ်ရှည်ကို ကိုယ်ပေါ်တွင် ဝတ်ဆင်၍ ရစ်ငှက် သဘာဝအသွင်ကို တုပသည့် “ရစ်ငှက်အက”၊ ဦးခေါင်းထက်တွင် ငှက်မွေးသရဖူကို တပ်ဆင်ပြီး တောကြက် ကြက်တိုက်နေဟန်၊ ခုန်ပေါက်ပြီး မြူးထူးစွာ ကစားနေဟန်တို့ကို တုပ၍ ဆပ်ကပ်အတတ်ပညာများ ပါဝင်သော အမျိုးသား စုံတွဲအက “Lu sheng ခေါ် ငြင်း တီးမှုတ်တူရိယာအက”နှင့် အမျိုးသမီးများ ပန်းထိုးခြင်း၊ လျှော်ကို ဖွတ်ခြင်း အစရှိသည့် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်မှုကို အခြေခံ၍ ပေါ်ထွက်လာသော “ထိုင်ခုံအက”များ ပါဝင်ပါသည်။


ကကွက်တစ်ကွက်ချင်းစီ သင်ကြားခြင်း



ကကွက်အပြည့်အစုံသင်ကြားခြင်း



ဤဗီဒီယိုကို ယူနန်ပြည်နယ် ပြည်နယ်ယဉ်ကျေးမှုစင်တာမှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။


ဤအစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ယူနန်ပြည်နယ် ပြည်နယ်ယဉ်ကျေးမှုစင်တာတို့ အတူတကွ ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အသစ်ထပ်မံ ဖော်ပြ တင်ဆက်သွားမည် ဖြစ်ပါသည်။