တရုတ်အစားအစာသင်ကြားခြင်း - အစပ်ရည်ပြုတ်ဝက်သားလွှာ
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-28 15:21:06
ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
အစပ်ရည်ပြုတ်ဝက်သားလွှာသည် ဝက်မိုးခိုသားကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုထားသည့် ဒေသအထင်ကရ ဟင်းလျာတစ်မျိုးဖြစ်ပြီး စီချွမ်ဟင်းလျာများအနက် ထင်ရှားကျော်ကြားသည့် အိမ်ဟင်းလျာ ဖြစ်ပါသည်။ သုံးဆောင်သည့်အခါ အသားနူးညံ့လတ်ဆတ်ပြီး ဟင်းရည်မှာ အနီရောင်သန်း၍ ဆီပြန်ဝင်းလက်နေပါသည်။ မာလာအရသာပြင်းပြင်းနှင့် ထမင်းမြိန်စေပြီး “အထုံအရသာ၊ အစပ်အရသာ၊ လတ်ဆတ်ခြင်း၊ မွှေးကြိုင်ခြင်း” စသည့် ထူးခြားချက်များနှင့် ပြည့်စုံပါသည်။
အစပ်ရည်ပြုတ်ဝက်သားလွှာသည် အစာမကြေရင်ပြည့်ရင်ကယ်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်တွင်းအပူငုပ်ပြီး ချွေးထွက်နည်းခြင်း၊ အားအင်ချည့်နဲ့ပြီး ကိုယ်အလေးချိန်လျော့နည်းခြင်းတို့ ခံစားနေရသူများ သုံးဆောင်ရန် သင့်လျော်ပါသည်။