တရုတ်အစားအစာသင်ကြားခြင်း - ငါးချဉ်ဖတ်ဟင်း
ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ငါးချဉ်ဖတ်ဟင်းကို ငါးချဉ်ရည်ဟင်းဟုလည်း ခေါ်ကြသည်။ ချုံချင့်(Chongqing)မြို့မှ အစပြုခဲ့သော ဂန္ထဝင်ဟင်းလျာဖြစ်ပြီး ၎င်းဟင်းလျာတွင် အထူးတလည် အသုံးပြုထားသော ဟင်းခတ်အမွှေးအကြိုင်နှင့် တစ်မူထူးခြားသော ချက်ပြုတ်နည်းအတတ်ပညာများကြောင့် ထင်ရှားကျော်ကြားသည်။ ချုံချင့်(Chongqing)ဒေသဟင်းလျာများ ပေါ်ပေါက်လာမှုအတွက် လမ်းဖောက်ပေးနိုင်ခဲ့သော ဟင်းလျာများအနက်မှ တစ်မျိုးဖြစ်သည်။
ငါးချဉ်ဖတ်ဟင်း၏ အဓိကပါဝင်ပစ္စည်းမှာ Perch ငါး (ငါးပြေမမျိုးဝင်ငါး) ဖြစ်ပြီး ချဉ်ဖတ် စသည်များနှင့် တွဲဖက်ချက်ပြုတ်ရသည်။ အရသာမှာ ချဉ်ချဉ်စပ်စပ်နှင့် ခံတွင်းမြိန်လှသည်။ ငါးတွင် အရည်အသွေးမြင့် အသားဓာတ် ကြွယ်ဝစွာ ပါဝင်သဖြင့် အသားဓာတ်၊ သတ္တုဓာတ် စသည့် အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်ပါသည်။ ချဉ်ဖတ်တွင် ပါဝင်သော လက်တစ်အက်ဆစ် (Lactic acid)သည် လူ့ခန္ဓာကိုယ်၏ သံဓာတ်စုပ်ယူမှုအားကို မြှင့်တင်ပေးနိုင်စွမ်းရှိပြီး အစာစားလိုစိတ်ကိုလည်း တိုးပွားစေပါသည်။