တရုတ်အစားအစာသင်ကြားခြင်း - ဝက်နံရိုးချိုချဉ်
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-15 17:16:22
ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
ဝက်နံရိုးချိုချဉ်သည် ချိုချဉ်အရသာများအနက် ထင်ရှားသော လူကြိုက်များသည့် နာမည်ကျော် ရိုးရာဟင်းလျာတစ်မျိုး ဖြစ်သည်။ လတ်ဆတ်သော ဝက်နံရိုးနုကို အဓိကပါဝင်ပစ္စည်းအဖြစ် ရွေးချယ်အသုံးပြုထား၍ အသားနူးညံ့ပြီး ဟင်းလျာအရောင်အဆင်းမှာ နီနီမြန်းမြန်းနှင့် ဆီတဝင်းဝင်း ဖြစ်နေပါသည်။
ဝက်နံရိုးချိုချဉ်သည် အစိုဓာတ်ပေးခြင်း၊ သွေးအားဖြည့်ပေးခြင်းများကို စွမ်းဆောင်ပေးနိုင်သဖြင့် သွေးအားနည်းပြီး ခံတွင်းပျက်နေသူများအတွက် သင့်တော်ပါသည်။ ဝက်နံရိုးချိုချဉ်သည် နံရိုး၏ အာဟာရဓာတ်စုပ်ယူမှုနှုန်းကိုလည်း မြှင့်တင်ပေးသောကြောင့် အသက်အရွယ်ကြီးသူများနှင့် ကလေးသူငယ်များအတွက် ကယ်လ်စီယမ်ဓာတ် ဖြည့်စွမ်းပေးရာတွင် အထူးသင့်လျော်ပါသည်။