တရုတ်တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အွန်လိုင်းသင်တန်း - ပင်လုံးကြိုင်ခရမ်းရောင်တရုတ်မြေစာဥနှင့် တိရစ္ဆာန်ငါးမျိုးလေ့ကျင့်ခန်း
ပင်လုံးကြိုင်ခရမ်းရောင်တရုတ်မြေစာဥ
တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှုသည် တရုတ်ရှေးလူကြီးများ၏ ဒဿနအတွေးအမြင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုသဘောထားများနှင့် လက်တွေ့လုပ်ဆောင်မှုအတွေ့အကြုံများကို ပေါင်းစည်းထားပြီး ကမ္ဘာ့ယဉ်ကျေးမှုအပေါ် တရုတ်လူမျိုးများ၏ စွမ်းဆောင်ဖြည့်ဆည်းမှုတစ်ခု ဖြစ်သည်။ တရုတ်တိုင်းရင်းဆေး၏ ရှေးရိုးရာသဘောထားအမြင်များ၊ ကျန်းမာရေးလက်တွေ့လုပ်ဆောင်မှုနှင့် ဆေးဝါးညွှန်ကြားချက်ပြဋ္ဌာန်းများသည် ယခုတွင်လည်း တရုတ်လူမျိုးများ၏ နေ့စဉ်လူမှုဘဝတွင် အရေးပါသော အကျိုးပြုမှုအဖြစ် စွမ်းဆောင်နေဆဲပင်ဖြစ်ပြီး လူတို့၏ လှုပ်ရှားသွားလာ နေထိုင်စားသောက်မှုများတွင် များစွာသော အလေ့အထဓလေ့နှင့် စံသတ်မှတ်ချက်များ ဖြစ်လာခဲ့ပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် လွယ်လွယ်ကူကူ သင်ယူနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းနှင့် အစားအစာချက်ပြုတ်မှုနည်းလမ်း အချို့ကို တင်ဆက်ခြင်းဖြင့် အားလုံးအား တရုတ်တိုင်းရင်းဆေးပညာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့စဉ်လူမှုဘဝတို့၏ ပတ်သက်ဆက်နွယ်မှုကို နားလည်သိရှိစေပြီး ကျန်းမာခြင်းဆုမွန်ကောင်းများကို ပို့သပေးသွားမည် ဖြစ်ပါသည်။
တိရစ္ဆာန်ငါးမျိုးလေ့ကျင့်ခန်း