တရုတ်အစားအစာသင်ကြားခြင်း - အမဲသားငရုတ်ကောင်းဟင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-24 15:03:45



ဗီဒီယိုကို World Federation of Chinese Catering Industry မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20220415113636.jpg


အမဲသားငရုတ်ကောင်းဟင်းသည် အမဲမိုးခိုသားကို အဓိကအသုံးပြု၍ ချက်ပြုတ်ထားပြီး လေးပင်သော အရသာရှိသည့် အိမ်ဟင်းလျာတစ်ပွဲဖြစ်သည်။ အဓိကပါဝင်ပစ္စည်းများမှာ အမဲမိုးခိုသား၊ ကြက်သွန်နီ၊ ငရုတ်ပွအစိမ်း၊ ငရုတ်ပွအနီ၊ ငရုတ်ကောင်း၊ ခလောက်မွှေထားသော ကြက်ဥအရည် စသည်တို့ဖြစ်ပြီး အရန်ပါဝင်ပစ္စည်းများအနေဖြင့် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့်၊ ပဲငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်အ‌နောက်နှင့် ဆီတို့ကို အသုံးပြုချက်ပြုတ်သည်။ နူးညံ့လှသော အမဲမိုးခိုသားကို ငရုတ်ကောင်း၏ ပူစပ်အရသာနှင့် ပေါင်းဖက်စပ်ဟပ်လိုက်သောကြောင့် အရသာမှာ အထူးကောင်းမွန်လှပေသည်။




အမဲသားငရုတ်ကောင်းဟင်းသည်  အရသာကောင်းမွန်ရုံသာမက သွေးကြောမာကျောခြင်းကို ခုခံနိုင်ခြင်း၊ သွေးခဲခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးတွင်းအဆီများကို လျော့ကျစေခြင်း စသည့် အာနိသင်များလည်း ပေးစွမ်းနိုင်ပါသည်။