မြန်မာ့ရိုးရာ နှစ်သစ်ကူး မင်္ဂလာအချိန်အခါသမယတွင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆန္ဒမွန်ပြု
Happy Thingyan
လေထဲတွင် ဖူးပွင့်နေသော ရေစက်ပုံသဏ္ဍာန်
ပန်းပွင့်လေးများသည် မင်္ဂလာရေပွင့်များ ဖြစ်သည်။
လက်ချောင်းထိပ်ပေါ်တွင် လှုပ်ရှားနေသော
ရေသီးရေစက်လေးများသည်
ပျော်ရွှင်မှု ရေပုတီးလုံးလေးများ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် လည်ပတ်နေသော
ရေစက်လေးများသည်
သာယာချမ်းမြေ့မှု ရေစက်လေးများ ဖြစ်သည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ အနေဖြင့်
ထိုကံကောင်းခြင်း ရေစင်များကို ကြိုးစားစုစည်းပြီး
သင့်အတွက် သင်္ကြန်ဆုမွန်ကောင်း တောင်းအပ်ပါသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယတွင်
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
နှစ်သစ်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံ၍
အေးချမ်းသာယာကြပါစေ။
မြန်မာနိုင်ငံ ပြည်သူပြည်သားများနှင့် ကမ္ဘာသူကမ္ဘာသားများအားလုံး
ကပ်ရောဂါကို တွန်းလှန်နိုင်ပြီး ရောဂါဘေးဘယာများ
ကင်းဝေးပါစေကြောင်း တောင်းဆုပြုအပ်ပါတယ်။