အသိပေးကြေညာချက်
Covid-19 အဆုတ်ရောင်ရောဂါကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် Covid-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းနှင့် ညွှန်ကြားချက်များကို ဧပြီလ ၃၀ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့်သတ်မှတ် ခဲ့ပါသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်မှုများကို ပူးပေါင်းပါဝင် လိုက်နာသည့်အနေဖြင့် စင်တာပိတ်ရက်ကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ သို့ပါ၍ ဤကာလအတွင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် စင်တာ၏ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် စိတ်ဝင်စားဖွယ် အွန်လိုင်းလှုပ်ရှားမှု အစီအစဉ်ပေါင်း များစွာကို ဖော်ပြတင်ဆက်သွားမည် ဖြစ်ပါသောကြောင့် စင်တာ၏ Facebook နှင့် Wechat စာမျက်နှာများကို Follow လုပ်ထားရန်လည်း ခင်မင်ရင်းနှီးစွာ ဖိတ်ခေါ်အပ်ပါသည်။
မိတ်ဆွေများအားလုံး ဘေးဘယာကင်းကွာ၍ ကျန်းမာရွှင်လန်းကြပါစေ။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ
၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့