ကမ္ဘာ့မိခင်များနေ့တွင် ကမ္ဘာပေါ်ရှိ မိခင်များအားလုံး ပျော်ရွှင်ပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုမွန်ကောင်းတောင်း
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 08:44:18

လောကတွင် ကြီးမြတ်ရိုးစင်းသော ချစ်ခြင်းတစ်မျိုး ရှိပါသည်။နွေဦးမိုးဖွဲပမာ၊ လေပြေလေညင်းအသွင် နူးညံ့သိမ်မွေ့လှပေသည်။လောကတွင် ကိုယ်ကျိုးမငဲ့ နက်ဝှမ်းကြွယ်ဝသော မေတ္တာတစ်မျိုး ရှိပါသည်။ချစ်ခြင်းမေတ္တာ စေတနာများ ကုန်ခမ်းပျက်သုဉ်းသွားသည် ဟူ၍ မရှိပဲ အမြဲမပြတ် တသွင်သွင် စီးဆင်းနေဆဲပင် ဖြစ်ပါသည်။ဤသည်မှာ မိခင်၏ ချစ်ခြင်းမေတ္တာတရားပင် ဖြစ်ပါသည်။ပင်လယ်ပြင်ကြီးပမာ ကြီးမားကျယ်ပြန့်ပြီး စမ်းရေအသွင် ကြည်လင်စီးဆင်းကာနေရောင်ခြည်ပမာ ရင်းနှီးနွေးထွေး၍ သက်တန့်ကဲ့သို့ ရောင်စုံ ထွန်းလင်းတောက်ပလျက် ရှိပေသည်။ဘယ်သောအခါမှ အကျိုးပြန်လည်မျှော်ကိုးခြင်း မရှိဘဲ မိမိဘက်က အပြည့်အဝ ပေးဆပ်လေ့သာ ရှိပါသည်။ဤကဲ့သို့ ကမ္ဘာ့မိခင်များနေ့ ကျရောက်သည့် နေ့ရက်နေ့မြတ်တွင်ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကိုကမ္ဘာ့မိခင်များနေ့တွင် ပျော်ရွှင်ကြပါစေ။မိခင်များအားလုံး သက်ရှည်ကျန်းမာပြီး ပျော်ရွှင်ကြည်နူး သာယာချမ်းမြေ့ကြပါစေသားဟု ဆန္ဒမွန်ပြုအပ်ပါသည်။