ဇွန်လ(၁)ရက်နေ့ နိုင်ငံတကာကလေးများနေ့တွင် ကလေးများအားလုံး ပျော်ရွှင်ပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုမွန်ကောင်းတောင်း
နေရောင်ခြည် အလင်းတန်းကို ကြိုးတစ်ချောင်းအသွင် ဖန်တီးပြီး မိုးစက်မိုးပေါက်ကလေးများကို ပတ်ကာသီကုံး၍ ထာဝရ ဆည်းလည်းလေးအဖြစ် ပြောင်းလဲခြယ်မှုန်းသွားမည်။
ရောင်ခြည်များ ထွန်းလင်းတောက်ပ လှပသည်ဖြစ်စေ၊ မိုးလေများ တိုးဝှေ့တိုက်ခတ်သည်ဖြစ်စေ
အလှပဆုံးသော ဆည်းလည်းသံစဉ်လေးများဖြင့် ထိုရိုးရှင်းစင်ကြယ်သော ဆုမွန်ကောင်းများကို တောင်းဆုမင်္ဂလာပြု ပေးဝေလိုပါသည်။
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ကလေးများအားလုံးကို
ယနေ့ ကျရောက်သော ကလေးများနေ့တွင် ပျော်ရွှင်ပါစေ။
စိတ်ရှုပ်ထွေး ပူပင်သောကများ၊ စိုးရိမ်ကြောင့်ကြမှုများအပေါင်းမှ ကင်းဝေးအေးချမ်းပြီး
ကျန်းကျန်းမာမာ ကြီးပြင်းလာကြကာ နေ့စဉ်နေ့တိုင်း တိုးတက်ဖြစ်ထွန်းပါစေ။
အနာဂတ် သားကောင်းရတနာလေးများအဖြစ် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့်
သန်စွမ်းစွာ စွမ်းဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဇွန်လ(၁)ရက်နေ့ နိုင်ငံတကာကလေးများနေ့တွင် ကလေးများအားလုံး ပျော်ရွှင်ပါစေကြောင်း ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။