တစ်နိုင်ငံလုံး သတိရအောက်မေ့ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်ပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-25 08:48:05

图片


တရုတ်တစ်နိုင်ငံလုံးရှိ ပြည်သူများမှ Covid-19 အဆုတ်ရောင်ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်အတွင်း စတေးခဲ့ကြရသော သူရဲကောင်းများနှင့် ဆုံးပါးသွားခဲ့ကြသော သွေးချင်းများအတွက် ဝမ်းနည်းသမှုပြုရန်အလို့ငှာ   တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၄)ရက်နေ့တွင် တစ်နိုင်ငံလုံး အနေအထားဖြင့် သတိရအောက်မေ့ ဝမ်းနည်း ပူဆွေးခြင်း အထိမ်းအမှတ်ပွဲကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ထိုအချိန်အတွင်းတွင် တစ်နိုင်ငံလုံးနှင့် ပြည်ပရှိတရုတ်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများမှ အလံကို တစ်ဝက်ချကာ ဝမ်းနည်း ပူဆွေးသမှုပြုပြီး တစ်နိုင်ငံလုံးရှိ ဖျော်ဖြေရေးပွဲလမ်းသဘင် များကို ရပ်ဆိုင်းထားရမည်ဖြစ်သည်။ ဧပြီလ (၄)ရက်နေ့ တရုတ်စံတော်ချိန် နံနက် ၁၀:၀၀ နာရီ အချိန်မှစတင်၍ တစ်နိုင်ငံလုံးရှိပြည်သူများမှ  (၃)မိနစ်တိတိ တိတ်ဆိတ်ငြိမ်သက် ပေး၍ မော်တော်ယာဉ်များ၊ မီးရထားများ၊ စစ်သင်္ဘောများမှ ဥဩသံပေးဆွဲကာ တိုက်လေယာဉ် သတိပေးအချက်ပြသံများ မြည်ဟီးစေမည်ဖြစ်သည်။


图片


ယခုကဲ့သို့ ကပ်ရောဂါဆိုးကြီး ကျရောက်ချိန်အတွင်းတွင် မိသားစုအများအပြားမှာ မိမိတို့၏ အိမ်သူအိမ်သား၊ဆွေမျိုးသားချင်း နှင့်  မိသားစုအရင်းအချာများကို ဆုံးရှုံးခဲ့ကြရပါသည်။ အထူးသဖြင့် အသက်ကို အသက်ဖြင့် ကာကွယ်ကာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြောက်များစွာသော ဝတ်စုံဖြူ ကျန်းမာရေးဝန်ထမ်းများအတွက် ပို၍ပင် စိတ်မကောင်းဖြစ်ရ ပါသည်။ ကပ်ရောဂါတိုက်ပွဲ၌ ဆုံးပါးသွားခဲ့သော သူရဲကောင်းများ အားလုံးအား စိတ်ထဲမှ တလေးတစား မှန်းဆဂါရဝပြုကန်တော့ရင်း လူတိုင်းလူတိုင်း၊ မိသားစုတိုင်းမိသားစုတိုင်းလည်း ကပ်ရောဂါ၏ အရိပ်ဆိုးနှင့် အကြောက်တရားများမှ လွတ်မြောက်ကင်းငြိမ်းကာ မိမိ၏အသက်ကို တန်ဖိုးထားလေးစားသောအားဖြင့် ရှေ့ဆက် လျှောက်ရန် ပြင်ဆင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ် ပါသည်။