တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း - အများအကျိုးရွက်သယ်ပိုး သမားတော်တို့နှလုံး တရုတ်တိုင်းရင်းဆေးပညာအကြောင်းတစေ့တစောင်း - အပ်စိုက်မီးကင်ကုသခြင်း
ဗီဒီယိုကို ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
အပ်စိုက်မီးကင်ကုသခြင်းသည် တရုတ်နိုင်ငံ၏ တစ်မူထူးခြားသည့် ရောဂါကုထုံး ဖြစ်သည်။ “အတွင်းရောဂါကို အပြင်မှကုသခြင်း” ကုသနည်းတစ်မျိုးဖြစ်ပြီး အပ်စိုက်ကုသနည်းနှင့် မီးကင်ကုသနည်းတို့ ပါဝင်ပါသည်။ အပ်စိုက်ရာတွင် အသုံးပြုသော အပ်ဖြင့် အပ်စိုက်ခြင်း၊ ဒေါနရွက်ဖြင့် မီးကင်ကုသခြင်း သို့မဟုတ် အခြားသော မီးကင်ကုသနည်းများဖြင့် လူ့ခန္ဓာကိုယ်ရှိ အပ်စိုက်ချက်နေရာကို လှုံ့ဆော်ပေးပြီး ကြောမနှင့် ကြောထွေးများအား ကောင်းမွန်စွာ စီးဆင်းစေကာ ခန္ဓာကိုယ်သွေးလည်ပတ်မှုကို ထိန်းညှိပေးသောကြောင့် လူ့ခန္ဓာကိုယ်ရှိ အနွေးဓာတ်နှင့် အအေးဓာတ်ကို မျှတစေပါသည်။ တစ်ချိန်တည်းတွင်ပင် အပ်စိုက်ချက်နေရာ ကြောမနှင့် ကြောထွေးများအား လှုံ့ဆော်ပေးလိုက်ခြင်းမှတစ်ဆင့် လူ့ခန္ဓာကိုယ်အား စွမ်းအင်တိုးပွားကျန်းမာလာစေပြီး ကိုယ်ခံအား တိုးမြှင့်ပေးကာ ရောဂါဖြစ်ပွားစေသည့်အရာများကို ဖယ်ရှားရှင်းလင်းပေး၍ သက်ရှိသတ္တဝါတို့အား ပြန်လည်ကောင်းမွန် ကျန်းမာလာစေပါသည်။



