တရုတ်နိုင်ငံ - ထိုက်ကျီသိုင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:43:39

ဤဗီဒီယိုကို တရုတ်နိုင်ငံ ဟယ်နန်(Henan)ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားခြင်းဖြစ်သည်။



ထိုက်ကျီသိုင်းသည် Yin နှင့် Yang  (သဘာဝတရား၏ ဆန့်ကျင်ဘက် သဘောတရား) အလှည့်အပြောင်းကို အခြေခံထား၍ မိုးကောင်းကင်နှင့် လူသားများ တစ်ထပ်သားတည်းဟူသော တရုတ်ရိုးရာ ဒဿနအမြင် အတွေးအခေါ်နှင့် ကျန်းမာ‌ရေး ထိန်းသိမ်းစောင်ရှောက်ရေး ခံယူချက်များကို “ခေါင်းအထက်ပိုင်း အနေအထား တည့်မတ်ဖြောင့်စင်းကာ ခန္ဓာကိုယ် အထက်ပိုင်းနှင့် အောက်ပိုင်း ရွှေ့လျားမှု ပျော့ပျောင်းပြေပြစ်မှုရှိသည့်” လှုပ်ရှားမှု ထူးခြားချက်ဖြင့် ရိုးရာအားကစား လေ့ကျင့်မှုပင်ဖြစ်သည်။ စိတ်အတွေး ကျင့်ကြံအားထုတ်မှုနှင့် အသက်ရှူထုတ်သွင်း အလိုက်သင့် ပြုမူညှိယူမှုများကို အလေးထားပြီး လေ့ကျင့်ခြင်းမှတစ်ဆင့် ခန္ဓာကိုယ်အချိုးအစားနှင့် စိတ်အနေအထားကို ပြုပြင်ပြောင်းလဲကာ ကိုယ်ကာယ ကျန်းမာသန်စွမ်းစေသော အကျိုးရလဒ်ကို ရရှိခံစားစေပါသည်။


图片


ထိုက်ကျီသိုင်းသည် တရုတ်လူမျိုးများ၏ ထူးချွန်ပြောင်မြောက်သော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည်။ ဤအမွေအနှစ်စီမံကိန်းသည် (၁၇) ရာစုအလယ်ပိုင်းအချိန်တွင် တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ဟယ်နန်(Henan)ပြည်နယ်မှ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် တရုတ်နိုင်ငံ အခြားနေရာဒေသအဝှမ်းသို့ တွင်တွင်ကျယ်ကျယ် ပြန့်နှံ့လာခဲ့ပြီးဖြစ်သည်။ လောဇိအတွေးအခေါ် သဘောတရားဂိုဏ်း၊ ကွန်ဖြူးရှပ် အတွေးအခေါ်  သဘောတရားဂိုဏ်းနှင့် တရုတ်ဆေးပညာ သဘောတရားများ၏ အကျိုးသက်ရောက်မှုတို့ကြောင့် ထိုက်ကျီသိုင်းသည် ဂိုဏ်းခွဲများစွာအဖြစ် ကွဲထွက်ပေါ်ပေါက်လာခဲ့လေသည်။


图片