ကာယခွန်အား - တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှုနှင့်ဖန်တီးမှုလုပ်ငန်းစုကြီးနှင့် ခရီးသွားမြှင့်တင်ရေးပြပွဲ အပိုင်း(၁)

တရုတ်တိုင်းရင်းဆေးပညာသည် ကာလရှည်ဖွံ့ဖြိုးမှုသမိုင်းကြောင်းတစ်လျှောက်တွင် တရုတ်ရိုးရာယဉ်ကျေးမှု၏ အချက်အချာကျသော အတွေးအမြင်များကို သိမ်းသွင်းမှတ်သားထားပါသည်။ မဖျားနာမီ ကြိုတင်ကာကွယ်ခြင်း အတွေးအမြင်ကို လှုံ့ဆော်အားပေးလျက်ရှိပြီး နေ့စဉ်ဘဝတွင် ကျန်းမာရေးစောင့်ရှောက်မှုလေ့ကျင့်ပေးမှု (Health Care Conditioning) အား အလေးထားတတ်စေရန်ဖြစ်ပြီး ဤအတွေးအမြင်မှာ ယနေ့ထက်တိုင် လွန်စွာပင် သဟဇာတဖြစ်လျက်ရှိသည်။
တရုတ်တိုင်းရင်းဆေးပညာသည် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် အသိမှတ်ပြုခြင်းခံရသကဲ့သို့ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင်လည်း တမူထူးခြားသော အရာရောက်မှုနှင့် အကျိုးသက်ရောက်မှုများ ရှိနေပါသည်။ တရုတ်တိုင်းရင်းဆေးပညာနှင့် သက်ရှည်ကျန်းမာရေးယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းသည် တက်သစ်စ ခရီးသွားလုပ်ငန်းအနေအထားတစ်မျိုးအဖြစ် ပိုမိုများပြားသော တရုတ်ပြည်တွင်းနှင့်ပြည်ပ ခရီးသွားဧည့်သည်များ၏ ကြိုက်နှစ်သက်မှုကို ခံယူရရှိထားသည်။
ယခုပြပွဲသည် တရုတ်တိုင်းရင်းဆေးဝါးဆိုင်ရာ ဓါတ်ပုံနှင့်စာသားပြပွဲ၊ ကမ်းနှစ်ဖက်(တရုတ်နှင့်ထိုင်ဝမ်) တရုတ်တိုင်းရင်းဆေးဝါးယဉ်ကျေးမှုမြေပုံ၊ မူလဖန်တီးရေးဆွဲမှုပုံရိပ်ပြပွဲစသည့် ကဏ္ဍသုံးခုမှနေ၍ တရုတ်တိုင်းရင်းဆေးယဥ်ကျေးမှုတွင်ပါဝင်သည့် စာပေ၊ အနုပညာနှင့် ဒဿနိကဗေဒများအား လူအများ သိရှိနားလည်စေမည်ဖြစ်သကဲ့သို့ တရုတ်ရိုးရာ တရုတ်တိုင်းရင်းဆေးပညာယဉ်ကျေးမှု၏ ကဏ္ဍစုံမျက်နှာသွင်ပြင်အနေအထားသစ်အား ဖော်ကျူးထားပါသည်။

