တရုတ်နိုင်ငံဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် - “ချန်း”နှဲတီးမှုတ်ခြင်းနှင့် ပြုလုပ်ခြင်းအနုပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 16:41:15

ဤဗီဒီယိုကို ဝူကျိုးရုပ်သံလွှင့်စင်တာမှ ပံ့ပိုးကူညီထားပါသည်



ချန်းနှဲသည် တရုတ်နိုင်ငံအနောက်တောင်ဘက်ဒေသရှိ ရှေးကျသော ချန်းတိုင်းရင်းသားတို့၏ တမူထူးခြားသော တူရိယာတစ်မျိုးဖြစ်သည်။ သမိုင်းအစဉ်အလာကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်ခန့်က ဟန်မင်းဆက်အထိ စူးစမ်းလေ့လာနိုင်ပါသည်။ ချန်းနှဲသည် တပင်တိုင်တီးမှုတ်ခြင်းကို အဓိကထားသည့် တင်ဆက်မှုသဏ္ဌာန်ဖြစ်သည်။ တူရိယာ၏ အတွင်းကျကျအကြောင်းအရာများမှာ ကျယ်ပြန့်လှပါသည်။ ချန်းတိုင်းရင်းသားတို့၏ ပြည့်ဝသောသံယောဇဉ်နှင့် စိတ်ချမ်းမြေ့ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ပူဆွေးခြင်း၊ ဝမ်းမြောက်ခြင်း၊ ခွဲခွာခြင်း၊ ပေါင်းစည်းခြင်းစသည့် စိတ်နေစိတ်ထားကို ဖော်ကျူးပြသလျက်ရှိသည်။ 


图片


ယခုဗီဒီယိုကို တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်အနောက်မြောက်ဘက်ရှိ ချန်းတိုင်းရင်းသားတို့ စုဝေးနေထိုင်ရာဒေသတွင် သွားရောက်တွေ့ဆုံမေးမြန်းခြင်းမှတစ်ဆင့် ဤရှေးတူရိယာမှာ သမိုင်းကြောင်းရှည်လျားသော်လည်း အသစ်တဖွယ်တည်ရှိနေမြဲဖြစ်သည့် တက်ကြွမှု(vitality)ကို ပရိသတ်များ မြင်တွေ့နိုင်မည် ဖြစ်ပါသည်။ ချန်တိုင်းရင်းသားတို့၏ လူအို၊ လူလတ်၊ လူငယ်  အနုပညာရှင် မျိုးဆက်(၃)ဆက်မှာ အဆိုပါတူရိယာ၏ တီးမှုတ်ခြင်းနည်းပညာ လက်ဆင့်ကမ်းခြင်းတွင် အလွန်ပင် အရေးပါအရာရောက်လျက်ရှိသည်။ ချန်းနှဲပြုလုပ်သောအနုပညာရှင်အား မိတ်ဆက်ပေးရာတွင် ဤရှေးတူရိယာ၏ ရိုးရာအစဉ်အလာအတိုင်း ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း ပြသခဲ့ပါသည်။


图片