တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (ပို့ချချက် - ၅)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-12-31 18:39:39


WeChat Image_20221111173315.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။


ကွန်ဖူးရုပ်ရှင်ဆိုသည်မှာ စီးပွားဖြစ် ရုပ်ရှင်အမျိုးအစားတစ်မျိုး ဖြစ်ပြီး တရုတ်ဝူရှူးသိုင်းပညာအား ကမ္ဘာအနှံ့ ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် လျှော့တွက်မရသော တွန်းအားတစ်ခုပင် ဖြစ်သည်။


WeChat Image_20221229145557.png


ဝူရှူးသိုင်းပညာနှင့် ရုပ်ရှင်ဇာတ်ကားတို့၏ ပေါင်းစည်းမှုသည် နှစ်ဖက်လုံးအား အပြန်အလှန် အကျိုးပြုနေပေသည်။ ရုပ်ရှင်၊ မီဒီယာများမှတစ်ဆင့် ဝူရှုးသိုင်းပညာယဉ်ကျေးမှုကို မိတ်ဆက်ဝေမျှပေးနိုင်သကဲ့သို့ ဝူရှူးသိုင်းပညာသည်လည်း ရုပ်ရှင်ဇာတ်လမ်းများအတွက် အကြောင်းကဏ္ဍအသစ်များကို ဖန်တီးပေးစွမ်းနိုင်ပါသည်။


WeChat Image_20221229145607.png


ဘရုစ်လီ (Bruce Lee) ကဲ့သို့သော ကွန်ဖူးကြယ်ပွင့်များ ထွက်ပေါ်လာမှုနှင့်အတူ တရုတ်ဝူရှူးသိုင်းပညာသည်လည်း ရုပ်ရှင်ဇာတ်လမ်းများနှင့် နာမည်ကျော်ကြယ်ပွင့်များ၏ လွှမ်းမိုးမှု အကူအညီများဖြင့် ကမ္ဘာ့စင်မြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။