တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (ပို့ချချက် - ၆)
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-01-07 22:36:57
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
ခေတ်ကာလ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တရုတ်ဝူရှူးသိုင်းပညာ၏ ပြည်ပမိတ်ဆက်ဖြန့်ဝေမှုသည် ရှင်သန်တည်မြဲရေးအတွက် မဟုတ်တော့ဘဲ တရုတ်ဝူရှူးသိုင်းပညာ၏ တစ်မူထူးခြားသော ဆွဲဆောင်မှုများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြည်သူများအား တင်ဆက်ဖော်ပြသည့် သရုပ်ပြသမှုအသွင်သို့ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့ပါသည်။
တရုတ်ဝူရှူးသိုင်းပညာ ကမ္ဘာအနှံ့ ဝင်ဆံ့လာရခြင်းမှာ ရုပ်ရှင်နှင့် မီဒီယာများ၏ မြှင့်တင်မိတ်ဆက်ပေးမှုများအပြင် တရားဝင်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြုလုပ်သော ဝူရှူးသိုင်းပညာ မိတ်ဆက်ဖြန့်ဝေရေးလှုပ်ရှားမှု စွမ်းဆောင်ချက်များကြောင့်လည်း ဖြစ်သည်။