တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (ပို့ချချက် - ၄)
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
ပါးကွသိုင်း (Bagua Zhang) ကို ချင်းမင်းဆက်ခေတ်နှောင်းပိုင်းတွင် စတင်တီထွင်ခဲ့ပါသည်။ ၎င်းသိုင်းသည် လက်ဖဝါးအနေအထားပြောင်းလဲမှုနှင့် ခြေလှမ်းအလှည့်အပြောင်းများကို အဓိကထားသည့် တရုတ်ရိုးရာ သိုင်းပညာရပ်တစ်မျိုး ဖြစ်ပြီး တစ်မူထူးခြားသော လေ့ကျင့်မှုပုံစံ၊ ကောင်းမွန်သော ကိုယ်ကာယလေ့ကျင့်မှုနှင့် ခုခံတိုက်ခိုက်ရေးပညာရပ်တန်ဖိုးများ၊ ရှေးယခင် ခေတ်အဆက်ဆက်က ပါးကွသိုင်းပညာရှင်ကြီးများ၏ ပညာအမွေ လက်ဆင့်ကမ်းမှုနှင့် အဆင့်မြှင့်တင်မှုများကြောင့် ယနေ့အချိန်တွင် တရုတ်ဝူရှူးသိုင်းပညာများအနက် မရှိမဖြစ်သည့် သိုင်းကွက်တစ်မျိုး ဖြစ်လာခဲ့လေသည်။
ပါးကွသိုင်းလေ့ကျင့်ခြင်းမှတစ်ဆင့် ကျန်းမာကြံ့ခိုင်ခြင်း၊ ကာကွယ်စောင့်ရှောက်နိုင်ခြင်းနှင့် မိမိကိုယ်ကို ကျင့်ကြံနေထိုင်ခြင်း အစရှိသည့် အကျိုးရလဒ်များကို ရရှိနိုင်မည် ဖြစ်သည်။