တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (ပို့ချချက် - ၃)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-11-26 19:00:05


WeChat Image_20221111173315.jpg


ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။



ထိုက်ကျီသိုင်း (Tai Chi) သည် တရုတ်ရိုးရာယဉ်ကျေးမှု အငွေ့အသက်များနှင့် ရှေးရိုးရာ ဒဿနအတွေးအမြင်များ ကြွယ်ဝသော သိုင်းပညာရပ် ဖြစ်သည်။ ဤအချက်ကြောင့်ပင် ထိုက်ကျီသိုင်းသည် မြောက်မြားစွာသော သိုင်းကွက်များအနက် ထင်ပေါ်ကျော်ကြားပြီး သူမတူအောင် ထူးခြားပေသည်။


WeChat Image_20221125152456.png


ထိုက်ကျီသိုင်း၏ လက်ဆင့်ကမ်း အမွေဆက်ခံမှုဖြစ်စဉ်အတွင်း အမျိုးမျိုးသော ဂိုဏ်းကွဲများစွာ ပေါ်ထွက်လာခဲ့လေသည်။ ယင်းတို့အနက် ချန်ပုံစံ (Chen) ၊ ယန်ပုံစံ (Yang) ၊ စွန်းပုံစံ (Sun) ၊ ဝူးပုံစံ (Wu) နှင့် ဝူပုံစံ (Woo) စသည့် ပုံစံ (၅) မျိုးတို့သည် ပို၍ ကျယ်ကျယ်ပြန့်ပြန့် ရှိသည်။ ဂိုဏ်းကွဲအသီးသီးတို့အကြားတွင် အလွန်နီးစပ်သည့် ဆက်နွှယ်မှုများ ရှိသကဲ့သို့ ထူးခြားချက်ကိုယ်စီလည်း ရှိကြပေသည်။


WeChat Image_20221125152500.png


ထိုက်ကျီသိုင်းသည် ကာလရှည်ကြာသော ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အတွင်း မိမိကိုယ်ကို ကျင့်ကြံနေထိုင်ခြင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းနှင့် စိတ်နှလုံးအေးချမ်းပျော်မွေ့ခြင်းကို အဓိက ရည်ရွယ်သည့် ကိုယ်ကာယအားကစားအဖြစ် တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့ပြီး ကမ္ဘာအနှံ့အပြားသို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပါသည်။


WeChat Image_20221125152510.png