တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (ပို့ချချက် - ၂)
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
တရုတ်ဝူရှူးသိုင်းပညာသည် မင်မင်းဆက်ခေတ်မှ စတင်၍ အမျိုးမျိုးသော သိုင်းကွက်များနှင့် ဂိုဏ်းကွဲများစွာ ပေါ်ထွက်လာခဲ့လေသည်။ သိုင်းကွက်ဆိုသည်မှာ အမျိုးအစားတူညီသော သိုင်းပညာရပ်များကို ရည်ညွှန်းခေါ်ဆိုသည့် ယေဘုယျအသုံးအနှုန်း ဖြစ်သည်။ ဂိုဏ်းကွဲဆိုသည်မှာ နည်းစနစ်ပုံစံကွဲပြားမှုအလိုက် ဖွဲ့စည်းဖြစ်ပေါ်လာသော ဂိုဏ်းအဖွဲ့ခွဲ ဖြစ်သည်။
တရုတ်ဝူရှူးသိုင်းပညာ၏ သိုင်းကွက်များနှင့် ဂိုဏ်းကွဲများမှာ အလွန်ပင် များပြားလှပြီး ဒေသကွဲပြားမှု၊ အသွင်စုံလင်မှုနှင့် လက်ဆင့်ကမ်းအမွေဆက်ခံမှု စသည့် ဝိသေသလက္ခဏာများ ပါရှိနေပါသည်။ ဤသို့ဖွဲ့စည်းဖြစ်ပေါ်လာရခြင်းမှာ အဓိကအားဖြင့် သတ်မှတ်ထားရှိသော သမိုင်းကြောင်းပတ်ဝန်းကျင်၊ ရှုပ်ထွေးသော ပထဝီရေမြေပတ်ဝန်းကျင်နှင့် တစ်မူထူးခြားသော ယဉ်ကျေးမှုပတ်ဝန်းကျင်တို့၏ လွှမ်းမိုးသက်ရောက်မှုများကြောင့် ဖြစ်သည်။