တရုတ်ရိုးရာယဉ်ကျေးမှုအွန်လိုင်းသင်တန်း သတ္တိစွမ်းပကား နှလုံးသားအလှတရား - တရုတ်ဝူရှူးသိုင်းပညာ၏ အရှိန်အဟုန်နှင့် အားမာန် (ပို့ချချက် - ၁)
ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပံ့ပိုးကူညီထားပါသည်။
ဝူရှူးသိုင်းပညာသည် တရုတ်နိုင်ငံမှ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ တရုတ်ဝူရှူးသိုင်းပညာသည် တရုတ်လူမျိုးတို့၏ ကာလရှည်ကြာသော လုပ်အားထုတ်လုပ်မှု၊ သဘာဝတရားကြီးနှင့် ရင်ဆိုင်အားပြိုင်မှုနှင့် လက်နက်အေးကာလ (Cold Weapon) တိုက်ပွဲများအကြားမှ တဖြည်းဖြည်း ဖြစ်တည်ဖွံ့ဖြိုးလာခဲ့သော အားကစားတစ်ရပ် ဖြစ်ပြီး ကျန်းမာကြံ့ခိုင်ခြင်း၊ ကာကွယ်စောင့်ရှောက်နိုင်ခြင်း၊ ရန်သူ့အန္တရာယ်မှ ခုခံနိုင်ခြင်းနှင့် နှိမ်နင်းအောင်နိုင်ခြင်းများအတွက် စွမ်းဆောင်နိုင်ပါသည်။
ရှေးခေတ်ဝူရှူးသိုင်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင့်ကဲပြောင်းလဲမှုများသည် ယေဘုယျအားဖြင့် အစပျိုးကာလ၊ ဖွံ့ဖြိုးမှုကာလ၊ ရင့်ကျက်မှုကာလနှင့် စည်ပင်ထွန်းကားမှုကာလ ဟူသည့် အဆင့် (၄)ဆင့်ကို ဖြတ်ကျော်လာခဲ့ရပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်းတွင် ဝူရှူးသိုင်းပညာကို “ကိုယ်ကာယအားကစား” အသွင်သို့ တဖြည်းဖြည်း ပြောင်းလဲပုံဖော်လာနိုင်ခဲ့ပြီး ကျွန်ုပ်တို့ ယနေ့မြင်တွေ့နေရသည့် “စိတ်ဓာတ်နှင့် အပြုအမူ နှစ်မျိုးလုံး ကျင့်ကြံအားထုတ်ရေးကို အလေးထားသော အမျိုးသားရေးဆိုင်ရာ ရိုးရာအားကစား” ဖြစ်လာခဲ့ပါသည်။