ကျန်းမာရေးအသိပညာပေးသင်တန်း - COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ်(၆) - လက်ဆေးနည်း (၇)ဆင့်

ကျွမ်းကျင်ဆေးပညာရှင်များမှ တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးသည် အများအားဖြင့် လက်မှတစ်ဆင့် ခံတွင်းပါးစပ် အတွင်းသို့ ဝင်ရောက်ကူးစက်ခြင်း ဖြစ်သည်ဟု ယူဆပါသည်။ နှာချေခြင်း၊ နှာခေါင်းပွတ်ခြင်း သို့မဟုတ် ချောင်းဆိုးခြင်း စသည့် အမှတ်မထင် အပြုအမူများသည် ကျွန်ုပ်တို့ လက်ပေါ်တွင် အန္တရာယ်ရှိသော အဏုဇီဝ သက်ရှိပိုးမွှားများ ကပ်စွဲတင်ကျန်ရစ် စေနိုင်ပါသည်။ သို့ပါ၍ မကြာခဏ လက်ဆေးခြင်းသည် သာမန်တုပ်ကွေး ဗိုင်းရပ်စ်ရောဂါပိုးကို သာမကပဲ ယခုလက်ရှိ ဖြစ်ပွားနေသည့် Covid-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးများ အပါအဝင် ဗိုင်းရပ်စ်ရောဂါပိုး မျိုးစုံကို ကြိုတင်ကာကွယ် တားဆီးနိုင်ပါသည်။ ဤသည်မှာလည်း Covid-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးများ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းမှ တားဆီးနိုင်ရန်အတွက် အထိရောက်ဆုံး နည်းလမ်းများထဲမှ တစ်ခု အပါအဝင် ဖြစ်ပါသည်။
ယခုတစ်ပတ်တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ မိတ်ဆွေများအားလုံး အတွက် “လက်ဆေးနည်း (၇) ဆင့်” ရုပ်ပုံသရုပ်ဖော် ရှင်းလင်းချက်ကို အခြေခံမှ စတင်ကာ စနစ်တကျ အသေးစိတ် အတူတကွ လေ့လာ၍ ကောင်းမွန်သော အမူအကျင့်များကို လေ့ကျင့်မွေးမြူပြီး ကျန်းမာရွှင်လန်းစွာ ပြုမူနေထိုင်ကြပါစို့။
ဤအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တင်ဆက်ပေးသွားမည် ဖြစ်ပြီး ယခုအပတ်သည် ဆဋ္ဌမမြောက်အပတ် ဖြစ်ပါသည်။


COVID-19 ရောဂါဆိုင်ရာ တရုတ်-မြန်မာ နှစ်ဘာသာ ဝေါဟာရစကားလုံးများ
| 公共场所 | အများသုံးနေရာ |
| 药店 | ဆေးဆိုင် |
| 公交车、火车 | ဘတ်စ်ကား၊ရထား |
| 定点医院 | သတ်မှတ်ထားသောဆေးရုံ |
| 重症监护病房 | အထူးကြပ်မတ်ကုသဆောင်(ICU) |
| 一线医护人员 | ရှေ့တန်းထွက်ကျန်းမာရေးဝန်ထမ်းများ |
| 救护车 | လူနာတင်ယာဉ် |
| 呼吸器 | အသက်ရှူစက် |
| 抗生素 | ပဋိဇီဝဆေး |
| 居家工作 | အိမ်မှာနေ၍အလုပ်လုပ်သည် |
