ကျန်းမာရေးအသိပညာပေးသင်တန်း - COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ် (၅)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:38:34

1615777893(1).jpg

  


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန် လူငယ်များ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိပြင်ဆင်ခြင်း

  


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန် သက်ကြီးရွယ်အိုများ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိပြင်ဆင်ခြင်း


facebook:Mingalanews


COVID-19 ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူအပေါင်းတို့၏ စိတ်ဝင်စား အာရုံစိုက်မှုကို ခံနေရဆဲပင် ဖြစ်သည်။ Covid-19 ရောဂါ ဖြစ်ပွားချိန်မှစ၍ အချို့သော လူငယ်လူရွယ်များသည် အင်တာနက်ကို မကြာခဏ အသုံးပြု၍ ကပ်ရောဂါအခြေအနေကို လွန်ကဲစွာ ဂရုပြု စောင့်ကြည့်ကြသဖြင့်  စိုးရိမ်ကြောင့်ကြလွန်ခြင်းနှင့်  ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်ပေါ်တတ်ကြပြီး အချို့သော သက်ကြီးပိုင်းများကမူ  ကပ်ရောဂါ အခြေအနေအကြောင်းကို သိရှိနားလည်မှု မလုံလောက်သောကြောင့် အလွန်အကျွံ စိတ်လှုပ်ရှားခြင်း သို့မဟုတ် ရောဂါကာကွယ်မှုအပိုင်းကို လျှော့တွက်ခြင်းများ ရှိကြသည်၊၊ ထို့အပြင် အိမ်တွင်ကျန်ရစ်နေခဲ့သော သက်ကြီးရွယ်အိုများသည် အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ဟာတာတာဖြစ်ခြင်း စသော စိတ်အခြေအနေများ ဖြစ်ပေါ်တတ်ကြပါသည်၊၊


ယနေ့မှာတော့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ Covid-19 ကပ်ရောဂါအခြေအနေအောက်တွင် စိတ်ပိုင်းဆိုင်ရာ ထိန်းညှိပြင်ဆင်ပုံနည်းလမ်းများကို မိတ်ဆွေများအားလုံးအတွက် ဝေမျှပေးသွားမည် ဖြစ်ပြီး ကပ်ရောဂါကို ရင်ဆိုင်ရာ၌ တည်ငြိမ်သော စိတ်နှလုံးနှင့် ယုံကြည်မှု အပြည့်ရှိစေရန်နှင့်  ထိုမှတစ်ဆင့် ရောဂါခံနိုင်ရည်အားကို မြှင့်တင်ကာ စိတ်ရောကိုယ်ပါ ကျန်းမာအောင် ထိန်းသိမ်းဆောင်ရွက်နိုင်ကြရန် မျှော်လင့်ပါသည်၊၊


ယခုအစီအစဉ်ကို အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး ယခုတစ်ပတ်သည် ပဉ္စမမြောက်အပတ် ဖြစ်ပါသည်၊၊




COVID-19 ရောဂါဆိုင်ရာ တရုတ်-မြန်မာ နှစ်ဘာသာ ဝေါဟာရစကားလုံးများ 


防护用具

ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများ

一次性口罩တစ်ခါသုံးနှာခေါင်းစည်း
N95口罩N95နှာခေါင်းစည်း
体温计အပူချိန်တိုင်းကိရိယာ
防护服ဆေးရုံသုံးအကာအကွယ်ဝတ်စုံ
护目镜အကာအကွယ်မျက်မှန်
一次性手套တစ်ခါသုံးလက်အိတ်
消毒液ပိုးသတ်ဆေးရည်
消毒湿巾ပိုးသတ်ထားသောတစ်ရှူးအစို
含酒精洗手液အရက်ပြန်ပါသောလက်သန့်ဆေးရည်