ကျန်းမာရေးအသိပညာပေးသင်တန်း - COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ် (၄)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 17:39:24

1615777893(1).jpg

   

    


facebook:Mingalanews


ယခုအချိန်တွင် Covid-19 ကပ်ရောဂါကို ရင်ဆိုင်တိုက်ဖျက်ရာ၌ တစ်ခါသုံးနှာခေါင်းစည်းများသည် လူတိုင်းအတွက် မဖြစ်မနေအရေးပါလှသော ကာကွယ်ရေးပစ္စည်းတစ်မျိုးဖြစ်လာသည်။ ဤ Covid-19 ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလတွင် စကားပြောခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ ထွက်ပေါ်လာသော အမှုန်အမွှားများသည် ရောဂါပိုးကူးစက်ပြန့်ပွားခြင်း၏ အဓိက ရောဂါပိုးသယ်ဆောင်သည့်အရာများဖြစ်ပြီး တစ်ခါသုံးနှာခေါင်းစည်း၏ အဓိကလုပ်ဆောင်ချက်မှာ ထိုရောဂါပိုးသယ်ဆောင်သည့် အမှုန်အမွှားများကို ခန္ဓာကိုယ်ထဲသို့ မဝင်ရောက်နိုင်အောင် တားဆီးပေးခြင်းဖြစ်သည်။ ရောဂါကာကွယ်တားဆီးရန်အလို့ငှာ တစ်ခါသုံးနှာခေါင်းစည်းတပ်ဆင်အသုံးပြုခြင်းသည် အခြေခံအကျဆုံးဖြစ်၍ လွန်စွာထိရောက်မှုရှိသည့် နည်းလမ်းတစ်မျိုးဖြစ်သည်။ ဤတစ်ပတ်မှာတော့ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ အားလုံးနှင့်အတူ တစ်ခါသုံးနှာခေါင်းစည်းတပ်ဆင်အသုံးပြုနည်း၊ မှန်ကန်သောအသုံးပြုပုံပြုနည်းနှင့် စနစ်တကျကိုင်တွယ်နည်းတို့ကို လေ့လာကြရအောင်။


အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး ယခုတစ်ပတ်သည် စတုတ္ထမြောက်အပတ် ဖြစ်ပါသည်။




   COVID-19 ရောဂါဆိုင်ရာ တရုတ်-မြန်မာ နှစ်ဘာသာ ဝေါဟာရစကားလုံးများ 



检测 

ရောဂါရှိမရှိစစ်ဆေးခြင်း

化验检查ဓာတ်ခွဲစစ်ဆေးခြင်း
定性检查ရောဂါလက္ခဏာသတ်မှတ်စစ်ဆေးခြင်း
疑似病例သံသယလူနာ
确诊病例ဓာတ်ခွဲအတည်ပြုလူနာ
治愈病例ရောဂါပျောက်ကင်းသူ
累计စုစုပေါင်း
死亡率သေဆုံးနှုန်း
测体温ကိုယ်အပူချိန်တိုင်းသည်