ကျန်းမာရေးအသိပညာပေးသင်တန်း - COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အွန်လိုင်းအထူးအစီအစဉ် (၃)

ပိတ်ရက်များပြီးဆုံး၍အလုပ်ပြန်ဝင်ချိန်တွင် အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်များ ၊ ရထားများမည်သို့အန္တရာယ်ကင်းစွာစီးနင်းနိုင်သနည်း?
facebook:Mingalanews
မင်္ဂလာရှိသော မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်အချိန်ကာလသည် ယခုဆိုလျှင် ပြီးဆုံးကျော်ဖြတ်ခဲ့ပြီဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှပြည်သူများမှလည်း ကိုယ်စီကိုယ်ငှ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြတော့မည်ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ Covid-19ရောဂါဖြစ်ပွားသူ တစ်ရာကျော်ရှိလာခဲ့ပြီး ပိတ်ရက်များပြီးဆုံး၍ အလုပ်ပြန်ဝင်ရချိန်တွင် အပြင်ခရီးထွက်သွားလာလှုပ်ရှားသူများ ဘယ်လိုရောဂါကာကွယ်သင့်ပါသလဲ? ဒီတစ်ပတ် ကျန်းမာရေးအသိပညာပေးသင်တန်း Covid-19 အဆုတ်ရောင်ရောဂါကာကွယ်ထိန်းချုပ်ရေးအွန်လိုင်းအထူးအစီအစဉ် တင်ဆက်ခြင်း တတိယမြောက်အကြိမ်တွင် အားလုံးနှင့်အတူ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ် စီးနင်းရာတွင် ကာကွယ်ရမည့်ဗဟုသုတများကို အများပြည်သူထံသို့ ဝေမျှပေး၍ အားလုံး ပျော်ပျှော်ရွှင်ရွှင် စိတ်ချမ်းသာကိုယ်ကျန်းမာနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ပါ သည်။
အပတ်စဉ် တနင်္လာနေ့တိုင်းတွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး ယခုတစ်ပတ်သည် တတိယမြောက်အပတ် ဖြစ်ပါသည်။
COVID-19 ရောဂါဆိုင်ရာ တရုတ်-မြန်မာ နှစ်ဘာသာ ဝေါဟာရစကားလုံးများ
病状 ရောဂါလက္ခဏာများ | |
| 干咳 | ချောင်းခြောက်ဆိုးခြင်း |
| 咽痛 | လည်ချောင်းနာခြင်း |
| 发热 | ကိုယ်ပူခြင်း |
| 呼吸困难 | အသက်ရှူကျပ်ခြင်း |
| 乏力 | အင်အားကုန်ခမ်းခြင်း |
| 精神稍差 | စိတ်မကြည်မလင်ဖြစ်ခြင်း |
| 恶心呕吐 | အော့အန်ခြင်း |
| 腹泻 | ဝမ်းလျှောခြင်း |
| 肌肉酸痛 | ကြွက်သားနာကျင်ကိုက်ခဲခြင်း |
| 头疼 | ခေါင်းကိုက်ခြင်း |
| 胸闷 | ရင်ဘတ်အောင့်ခြင်း |
| 低氧血症 | သွေးတွင်းအောက်စီဂျင်နည်းခြင်း |
| 鼻塞、流鼻涕 | နှာပိတ်ခြင်း၊ နှာရည်ယိုခြင်း |
