ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ ပထမအကြိမ် "သုတစုံလင် စာဖတ်ဝိုင်းတွင်" အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့
ဒီဇင်ဘာလ (၂) ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ စာကြည့်တိုက်၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Shun Da တရုတ်ဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်း၍ “သုတစုံလင် စာဖတ်ဝိုင်းတွင်” အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအစီအစဉ်တွင် ကျောင်းသူကျောင်းသားပေါင်း (၁၀) ဦးက မိမိတို့ ဖတ်ရှုလေ့လာခဲ့သည့် “ကွန်ဖြူးရှပ်”၊ “တပည့်ဝတ် လူငယ်ဝတ်”နှင့် “Sima Guang” အကြောင်းအရာများနှင့် ပတ်သက်ပြီး မိမိတို့၏ ခံစားချက်အမြင်များကို မျှဝေခဲ့ကြသည်။
ညနေပိုင်းတွင် တရုတ်ယဉ်ကျေးမှုနှင့် ဗဟုသုတလေ့လာခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ပြီး G.E.S.C တရုတ်ဘာသာစကားသင်တန်းကျောင်းမှ ကျောင်းသူကျောင်းသားပေါင်း (၈၀) ကျော်တို့ကလည်း ပျော်ရွှင်စွာ ပါဝင်လေ့လာခဲ့ကြသည်။ စင်တာဝန်ထမ်းများမှ အမေးအဖြေကဏ္ဍပုံစံဖြင့် တရုတ်နိုင်ငံက အသစ်မိတ်ဆက်လိုက်သော တရုတ်ခရီးသွားအမှတ်တံဆိပ် LOGO “Nihao China” နှင့် တရုတ်ခရီးသွားဆိုင်ရာ ဗဟုသုတများကို မျှဝေမိတ်ဆက်ပေးခဲ့သည်။