(၁၉) ကြိမ်မြောက် တရုတ်နိုင်ငံ (ဆန်းကျန့်မြို့) နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်းပြပွဲအား (၇) ရက်နေ့တွင် ကျင်းပဖွင့်လှစ်သွားမည်
The Publicity Department of the Central Committee of the CPC နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန စသည်တို့ ကြီးမှူးကျင်းပသည့် (၁၉) ကြိမ်မြောက် တရုတ်နိုင်ငံ (ဆန်းကျန့်မြို့ Shenzhen) နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်းပြပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ တရုတ်နိုင်ငံ ဆန်းကျန့်မြို့ နိုင်ငံတကာပြပွဲစင်တာတွင် ကျင်းပသွားပါမည်။ ယခုတစ်ကြိမ် ကျင်းပသည့် ယဉ်ကျေးမှုလုပ်ငန်းပြပွဲတွင် ဒစ်ဂျစ်တယ်ယဉ်ကျေးမှု၊ သတင်းထုတ်ပြန်မှု၊ ရုပ်ရှင်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ ယဉ်ကျေးမှုဆန်းသစ်မှု၊ ယဉ်ကျေးမှုအနုပညာ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်နှင့် လက်မှုအနုပညာ အစရှိသည့် အကြောင်းအရာများကို အဓိက ခင်းကျင်းပြသသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့အစည်းနှင့် လုပ်ငန်းပေါင်း (၃၅၉၆) ခု၊ နိုင်ငံနှင့် ဒေသပေါင်း (၅၀)ခုမှ ယဉ်ကျေးမှုအဖွဲ့အစည်း (၃၀၀) ကျော် ပါဝင်ပါသည်။ ပြပွဲကာလအတွင်းတွင် တွေ့ဆုံဆွေးနွေးပွဲ၊ သဘောတူညီချက် စာချုပ်ချုပ်ဆိုမှု၊ တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲများ အစရှိသည့် လှုပ်ရှားမှုများကိုလည်း တွဲဖက်ကျင်းပရင်း ယဉ်ကျေးမှုလုပ်ငန်းပြပွဲများ၏ ဆက်ဆံရေးစင်္ကြံကို တည်ဆောက်သွားမည်ဖြစ်၍ အားလုံး စောင့်မျှော်အားပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။