တစ်ရေတည်းအတူသောက်ကြသည် - “နယ်စပ်မြို့၏ သံစုံတေးသွား”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-05-24 15:15:32

ဤဗီဒီယိုကို ဝူကျိုးရုပ်သံလွှင့်စင်တာမှ ပံ့ပိုးကူညီထားပါသည်



တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရွှေလီမြို့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ မူဆယ်မြို့တို့သည် တောတောင်ရေမြေချင်း ထိစပ်လျက်ရှိပြီး မြို့နှစ်မြို့ရှိမြို့သူ/မြို့သားများမှ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံခြင်း၊ ကုန်သွယ်မှုပူးပေါင်းခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်း တို့ကို ရှေးအစဉ်အဆက်ကတည်းကပင် ပြုလုပ်လာခဲ့ကြပါသည်။ 


图片


၂၀၀၀ ခုနှစ်မှစတင်၍ ရွှေလီမြို့နှင့်မူဆယ်မြို့တို့အကြား နှစ်စဉ် တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေး ပျော်ပွဲသဘင်အား နှစ်စဉ်အလေ့ကျကျင်းပလျက်ရှိကာ တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်စေခဲ့ပါသည်။ 


图片


၂၀၁၂ ခုနှစ်တွင် ရွှေလီမြို့တွင်ကျင်းပခဲ့သော တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေး ပျော်ပွဲသဘင်တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်စေရန်အလို့ငှာ ရွှေလီမြို့နှင့်မူဆယ်မြို့အကြား ချစ်ကြည်ရေးမြို့တော်သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ 


图片


တစ်နှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်သည့် တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေးပျော်ရွှင်ပွဲသဘင်၊ “တစ်ရွာ နှစ်နိုင်ငံ”၊ နှစ်နိုင်ငံပြည်သူများ ရေတွင်းတစ်ခုတည်းမှ ရေအတူသောက်သုံးခြင်း၊ နယ်စပ်ကျောက်စိမ်းကုန်သွယ်ရေးဈေးရုံ........ ဤသည်များမှာ “တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေး”၏ နယ်စပ်မြို့သံစုံတေးသွားများကို တီးခတ်ပေးလျက်ရှိပါသည်။