၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” အိပ်မက်ဆန်ဆန် ရေခဲဆီးနှင်းခရီးစဉ် - ပေကျင်း (Beijing)၊ ဟဲပေ (Hebei)နှင့် လျောင်းနင် (Liaoning)
ဗီဒီယို - ပေကျင်းမြို့ (Beijing)
ဤဗီဒီယိုတွင် များပြားစုံလင်သော ရေခဲဆီးနှင်း အားကစားများ၊ လူမှုယဉ်ကျေးမှု ရှုခင်းများ၊ အထူးဟင်းလျာ စားသောက်ဖွယ်ရာများ၊ ပြောင်မြောက်သော ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေတင်ဆက်ပြသမှုများ၊ စည်ကားသိုက်မြိုက်သော တရုတ်နွေဦး နှစ်သစ်ကူးပွဲတော်ကာလ ရိုးရာဓလေ့မြင်ကွင်းများနှင့် ပြည့်စုံနေသည့် ရေခဲဆီးနှင်း ပေကျင်းမြို့တော်အကြောင်းကို အသက်ဝင်စွာ တင်ဆက်ပေးထားပါသည်။
ဗီဒီယို - ဟဲပေပြည်နယ် (Hebei)
ဆောင်းနေ့ရက်များ၏ ရေပူစမ်းသည် ခန္ဓာကိုယ်ကို နွေးထွေးစေသကဲ့သို့ ဟဲပေပြည်နယ် (Hebei)၏ စားကောင်းသောက်ဖွယ်များသည်လည်း အစာအိမ်ကို အနွေးဓာတ်ပေးပါသည်။ မိသားစုများအတူ နှင်းလျှောစီးကစားခြင်း၊ ချစ်မြတ်နိုးရသူနှင့် အဖော်ပြု၍ ရှေးဟောင်းမြို့တော်ကို လည်ပတ်ကာ နှစ်သစ်ကူးရိုးရာဓလေ့များကို ခံစားကြည့်ရှုရသည့် နှလုံးသားကို နွေးထွေးစေမှုများသည် သင့်ကို ဟဲပေပြည်နယ်၏ ရင်းနှီးနွေးထွေးသော ဆောင်းရာသီခရီးစဉ်အဖြစ် ပျော်ရွှင်စွာခံစားရစေမည် ဖြစ်ပါသည်။
ဗီဒီယို - လျောင်းနင်ပြည်နယ် (Liaoning)
သမိုင်းကြောင်းယဉ်ကျေးမှုများ နက်နဲကြီးမားသော စိန်ရန်မြို့ (Shenyang)တွင် ရေခဲဆီးနှင်းဆိုင်ရာ ပျော်ရွှင်ဖွယ်ရာအစီအစဉ်များသည် အမျိုးစုံလင်လှသည်။ ကဗျာဆန်ဆန် ရင်ခုန်ကြည်နူးဖွယ်ကောင်း၍ ဖက်ရှင်ဆန်မှု အပြည့်ရှိသည့် တလျန်မြို့ (Dalian)၏ ယဉ်ကျေးမှုဓလေ့များသည် တစ်မူထူးခြား၍ နွေးထွေးမှုများဖြင့် ပြည့်နှက်နေပါသည်။ ရေခဲပြင်ဆိုင်ရာ ပြိုင်ပွဲများသည် အလွန်ပင် သွက်လက်လျင်မြန်ပြီး အရပ်ထဲရှိ ဘုရားကျောင်းပွဲများသည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ဆောင်းနေ့ရက်များရှိ လျောင်းနင်ပြည်နယ် (Liaoning)သည် စိတ်နှလုံးသားကို ညှို့ယူဖမ်းစားထားနိုင်ကာ စိတ်ခံစားချက်ကို ပို၍ပင် လှုပ်ရှားတက်ကြွစေပါသည်။