၂၀၂၂ ခုနှစ် "ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး" - "တရုတ်နှစ်သစ်ကူးပြဇာတ်အလင်္ကာ" ကလေးသူငယ်ကာတွန်း ဗီဒီယိုအတိုတင်ဆက်ခြင်း (အပိုင်း ၂)
ယခုအစီအစဉ်သည် တရုတ်နှစ်သစ်ကူးပွဲတော်ကို အဓိကအကြောင်းအရာအဖြစ် ဗဟိုပြု၍ တရုတ်နှစ်သစ်ကူးပွဲတော်ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ တရုတ် (၁၂) ရာသီခွင်ယဉ်ကျေးမှုများမှ ဖန်တီးမှုစိတ်ကူးစိတ်သန်းများကို ရယူပြီး တရုတ်တေးဂီတပြဇာတ်နှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအကြောင်းရပ်များကို ပေါင်းစပ်ကာ 2D Animation ၊ Stop-Motion Animation စသည့် သဏ္ဌာန်များမှတစ်ဆင့် “စုံညီပေါင်းစည်းခြင်း၊ ညီညွတ်ခြင်း၊ ကျန်းမာခြင်း” ဟူသည့် ဆန္ဒမွန်များကို ဖော်ပြထားပါသည်။
ဗီဒီယို - “ကျားနှစ်ကြိုဆိုခြင်း”
ဤဗီဒီယိုသည် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ရောက်ရှိတော့မည့်အချိန်၌ ကျားနှစ်ပြက္ခဒိန်ထဲမှ လက်ရုံးရည်နှင့်ဓနနတ်မင်းက စီးတော်ကျား ရုတ်တရက် ထွက်ပြေးသွားသည်ကို သိရှိ၍ စိုးရိမ်တကြီး လိုက်လံရှာဖွေရာမှ နောက်ဆုံးတွင် ကျားကို ပြက္ခဒိန်ထဲသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည့် အကြောင်းကို ဖော်ပြတင်ဆက်ထားပါသည်။
ဗီဒီယို - “ကျားနှစ်မင်္ဂလာ သိုက်မြိုက်စွာ”
ဤဗီဒီယိုသည် သားရေရုပ်သေးပြဇာတ်၏ သရုပ်ဖော်တင်ဆက်မှုပုံစံဖြင့် ယုံတမ်းဒဏ္ဍာရီထဲမှ “နျန်(Nian)” ဟုခေါ်သော သားရဲတိရစ္ဆာန်နှင့် ခြင်္သေ့အကယဉ်ကျေးမှုတို့ကို ပေါင်းစပ်တင်ဆက်ထားပါသည်။ နွားခေါင်းသဏ္ဌာန်ရှိ နျန်(Nian)သည် စင်မြင့်ထက်တွင် ရွှင်မြူးသွက်လက်စွာ သရုပ်ပြ၍ ဖျော်ဖြေပွဲပြီးဆုံးသည့်အခါ ကျားကလေးနှစ်ကောင် ထွက်ပေါ်လာပါသည်။ ဤသည်မှာ ကျားနှစ်ရောက်ရှိခြင်းနှင့် ပြည်တွင်းပြည်ပရှိ မိတ်ဆွေများအတွက် နွေဦးနှစ်သစ်ဆုတောင်းပြုခြင်း သဘောဆောင်ပါသည်။
ဗီဒီယို - “ဖက်ထုပ်ကလေး၏ စွန့်စားခန်း”
ဤဗီဒီယိုသည် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကာလအတွင်း မီးဖိုချောင်ထဲရှိ ဒင်္ဂါးပြားထည့်သွပ်ထားသော ဖက်ထုပ်ကလေး အသက်ဝင်လာပြီး တိတ်တိတ်လေး ထွက်ပြေးသွားရာ “ကောင်းကင်နတ်မင်း၏ ကောင်းချီးမင်္ဂလာ” (ရိုးရာပေကျင်းအော်ပရာပြဇာတ်အမည်) တေးဂီတပြဇာတ်မှ သရုပ်ဆောင်အပေါ်သို့ မတော်တဆ ပြုတ်ကျသွားခဲ့ပုံကို ပုံဖော်ထားပါသည်။ ဖက်ထုပ်ကလေးနှင့် ကောင်းကင်နတ်မင်းတို့ အတုံ့အပြန် သရုပ်ပြကြရင်း နောက်ဆုံးတွင် ကောင်းကင်နတ်မင်းသည် ဖက်ထုပ်ထဲမှ ကံကောင်းခြင်းကို ပွဲကြည့်ပရိတ်သတ်အားလုံးအား ကမ်းပေးလိုက်ပါတော့သည်။