ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - “ဆောင်းဦးလယ် အံ့ဖွယ်ခရီးစဉ်” မှ “မင်စုတ်ချက်အက ဆောင်းဦးလယ်စာတန်း” ၊ “ပေါင်းစည်းညီညွတ်မှု” ၊ “ရှောင်လင်သိုင်း”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-28 17:24:33

ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးကူညီထားပါသည်။


“ဆောင်းဦးလယ် အံ့ဖွယ်ခရီးစဉ်” သည် တရုတ်ရိုးရာယဉ်ကျေးမှုကို အထောက်အကန်အဖြစ် ယူ၍ ပေါင်းစည်းခြင်းကို အဓိက အကြောင်းအရာအဖြစ် ထားရှိကာ လုံးဝအသစ်ဖြစ်သော အမြင်အာရုံခံစားမှုပွဲတော် မြင်ကွင်းတစ်ခုကို တင်ဆက်ဖော်ပြထားပါသည်။ “မင်စုတ်ချက်အက ဆောင်းဦးလယ်စာတန်း” အကတွင် ဝမ်ရှီးကျေး(Wang Xizhi)၏ (၇၅)ဆက်မြောက်မျိုးဆက် ဝမ်ဝန်ကျယ်(Wang Wenjie)အား ဖိတ်ခေါ်ထားပြီး အကနှင့် မင်စုတ်ချက်လက်ရေးလှတို့အား ကျွမ်းကျင်ပိုင်နိုင် ပြောင်မြောက်စွာ ပေါင်းစည်းထားပါသည်။


WeChat Image_20210927200839.jpg



“မင်စုတ်ချက်အက ဆောင်းဦးလယ်စာတန်း”


“ပေါင်းစည်းညီညွတ်မှု” ထိုက်ကျီ(Taiji)ဖန်တီးမှုသည် လောင်ကျွင်းတောင်(Laojun Mountain)တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဟယ်နန်(Henan) ဝူရှူး(Wushu)ချန်ပီယံ Mr. Ma Jianchao ၊ Mr. Zhang Zhenxing တို့၏ ချန်(Chen)မျိုးနွယ်ထိုက်ကျီ(Taiji)သိုင်း သရုပ်ဖော်မှုနှင့် ရှဲတူရိယာ အနုပညာရှင် Mr. Wu Tong ၏ ဂီတတို့ကို ပေါင်းစပ်တင်ဆက်ထားခြင်း ဖြစ်ပါသည်။




“ပေါင်းစည်းညီညွတ်မှု”


“ရှောင်လင်သိုင်း” ဝူရှူး(Wushu)အကသည် ဆုန်း(Song)တောင် ရှောင်လင်(Shaolin)ကျောင်းတော် နံရံဆေးရေးပန်းချီကို မူလသဏ္ဌာန်အဖြစ် ထားရှိပြီး နံရံဆေးရေးပန်းချီအား တစ်ဖန်ပြန်လည်ရှင်သန်လာစေသည့် ပုံစံကို အသုံးပြု၍ XR (Extended Reality) နည်းပညာနှင့် ပေါင်းစပ်ကာ အကသမားက နံရံဆေးရေးပန်းချီကမ္ဘာထဲသို့ ဝင်ရောက်သွားပြီး သိုင်းဆရာတော်နှင့် သိုင်းယှဉ်ပြိုင်ကစားသည့် မြင်ကွင်းကို ပုံဖော်တင်ဆက်ထားပါသည်။




“ရှောင်လင်သိုင်း”