ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - ဆောင်းဦးလယ်လမုန့်ပွဲတော်နှင့် တရုတ်ရိုးရာ ရာသီချိန်(၂၄)ခု (အပိုင်း-၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-09-27 18:21:22


WeChat Image_20210927091318.jpg






ဆောင်းဦးလယ်လမုန့်ပွဲတော်သည် တရုတ်ရိုးရာပွဲတော်ဖြစ်ပြီး ပုံမှန်အားဖြင့် ချူစူ(Chushu)ခေါ် အပူရှိန်ကုန်ဆုံးစရာသီချိန်နှင့် ချုန်းဖိန်း(Qiufen)ခေါ် ဆောင်းဦးလယ်ရာသီချိန်တို့အကြားတွင် ကျရောက်လေ့ရှိပါသည်။ ဤဗီဒီယိုတွင် မြန်မာပရိသတ်များအတွက် ဆောင်းဦးလယ်လမုန့်ပွဲတော်ဆိုင်ရာ ဗဟုသုတများကို မျှဝေမိတ်ဆက်ပေးသွားမည့် တစ်ချိန်တည်းမှာပင် “တရုတ်ရိုးရာ ရာသီချိန် (၂၄)ခုအနက်မှ ဆောင်းဦးဥတု၏ ရာသီချိန်များအကြောင်း” ရုပ်ပုံကာတွန်း ဗီဒီယိုအတိုကို မိတ်ဆက်ထားကာ လိချိုး(Liqiu)ခေါ်ဆောင်းဦးဝင်စရာသီချိန်၊ ချူစူ(Chushu)ခေါ် အပူရှိန်ကုန်ဆုံးစရာသီချိန်၊ ပိုင်လု(Bailu)ခေါ် ဆီးနှင်းဖြူကျစရာသီချိန်၊ ချုန်းဖိန်း(Qiufen)ခေါ် ဆောင်းဦးလယ်ရာသီချိန်၊ ဟန်လု(Hanlu)ခေါ် ဆီးနှင်းအေးရာသီချိန်၊ ရွှမ်းကျန့်(Shuangjiang)ခေါ် မြူနှင်းအေးခဲရာသီချိန် အစရှိသည့် ရာသီချိန်များအကြောင်းကို သက်ဝင်လှုပ်ရှား ရုပ်လုံးကြွပေါ်လွင်စွာ တင်ဆက်ပေးထားပါသည်။