တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို - “ရှန်ဟိုင်း”၏ အကြောင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-06-27 15:39:43


WeChat Image_20210613091551.jpg


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။



WeChat Image_20210625101232.jpg


Demis Degef သည် သာမန်အီသီယိုးပီးယားလူငယ်တစ်ဦး ဖြစ်သည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး သားရေဖိနပ်ထုတ်လုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည့် Huajian Group ၌ အလုပ်သင်ယူလုပ်ကိုင်ခွင့်ရရှိသည့် အခွင့်အရေးတစ်ခုကြောင့် တရုတ်နိုင်ငံနှင့် မပြတ်နိုင်သော ရေစက်အကြောင်းကံ ဆုံလာရလေသည်။ သူသည် မိမိကိုယ်မိမိ “ရှန်ဟိုင်း” ဟူ၍ အမည်သစ်တစ်ခု မှည့်ပေးခဲ့ပါသည်။


WeChat Image_20210625101235.jpg


ယခုအချိန်တွင် “ရှန်ဟိုင်း” သည်  တရုတ်နိုင်ငံ Huajian Group ထုတ်လုပ်ရေးဌာန၏ အီသီယိုးပီးယားနိုင်ငံပိုင်းဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ခံ ဖြစ်နေပြီ ဖြစ်သည်။ ၎င်းနေရာ၌ အလုပ်လုပ်ရခြင်းသည် အီသီယိုးပီးယားမှ လူငယ်များအတွက် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။


WeChat Image_20210625101239.jpg


Huajian Group သည် အီသီယိုးပီးယားနိုင်ငံတွင် ဖိနပ်ချုပ်စက်ရုံ လုပ်ကိုင်ပြီး ရာထောင်ချီရှိသည့် “ရှန်ဟိုင်း” ကဲ့သို့သော ဒေသခံလူငယ်များ၏ လက်ထဲမှ ကမ္ဘာ့နာမည်ကျော်အမှတ်တံဆိပ် ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကာ ဒေသခံ သားရေထုတ်လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်‌ရောက် မြှင့်တင်ပေးပါသည်။