တရုတ်ခရီးသွားယဉ်ကျေးမှုသီတင်းပတ် တောတောင်ရေမြေ အနုပညာအမြင် - တရုတ်နိုင်ငံ ပြောင်မြောက်သော ခရီးသွားအနုပညာဖျော်ဖြေရေးအစီအစဉ်အား ပြည်ပသို့မိတ်ဆက်ခြင်း လှုပ်ရှားမှုပွဲ (အပိုင်း - ၂)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-06-26 13:51:15



ဗီဒီယိုကို တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ (Network of International Culturalink Entities (NICE) )မှ ပံ့ပိုးကူညီထားပါသည်။



ကျစ်ကုံ့ရောင်စုံအလှမီးကမ္ဘာပြပွဲ


WeChat Image_20210625101203.jpg


တရုတ်ရောင်စုံအလှမီးကမ္ဘာသည် စီချွမ်ပြည်နယ် ကျစ်ကုံ့(Zigong)မြို့၌ တည်ဆောက်ပြုလုပ်ထားသည့် တရုတ်နိုင်ငံ၏ ပထမဦးဆုံးသော ရောင်စုံအလှမီးလုပ်ငန်းကို ထူးခြားချက်အနေဖြင့် ထားရှိသည့် နိုင်ငံ့5Aအဆင့် ခရီးသွားအထင်ကရနေရာ ဖြစ်ပါသည်။ ဒီဇိုင်းတီထွင်ဖန်တီးခြင်း၊ ရောင်စုံအလှမီးပြုလုပ်ခြင်း၊ ရောင်စုံအလှမီးခင်းကျင်းပြသခြင်းတို့ဖြင့် လုပ်ငန်းဖြစ်စဉ်လည်ပတ်မှုကွင်းဆက်၏ အခြေစိုက်နေရာ ဖြစ်လာစေပါသည်။ ခေတ်မီ၍ ဂေဟစနစ်နှင့် လျော်ညီမှုရှိသော လူမှုအသိုင်းအဝိုင်းနှင့် မြို့ပြပံ့ပိုးမှုဆိုင်ရာတည်ဆောက်မှုတို့ ဖြစ်ထွန်းလာစေရန် ပူးပေါင်းဆောင်ရွက်ပေးသောကြောင့် ကျစ်ကုံ့(Zigong)သည် ဒေသခရီးသွားလာရေးတွင် တရုတ်နိုင်ငံ၏ အထင်ကရမြို့တစ်မြို့ ဖြစ်လာခဲ့ပါသည်။



မြစ်ရေကြည်လင်လင် လရောင်နီးကပ်ကပ်


WeChat Image_20210625101207.jpg


နစ်မျောစီးဝင်မှုပုံစံဖြင့် “မြစ်ရေကြည်လင်လင် လရောင်နီးကပ်ကပ်” မြင်ကွင်းအစစ်သရုပ်ဖော်ဖျော်ဖြေမှုသည် “မြစ်ကမ်းကပ်စဉ် ကျန့်တယ်တွင်” တရုတ်ထန်ခေတ်ကဗျာမှ စိတ်ကူးခံစားချက်ကို အရင်းခံ၍ တရုတ်အလှရသခံစားမှု အခြေအနေမြင်ကွင်းနှင့် များစွာသော စိတ်ဓာတ်အလွှာအဆင့်ဖော်ပြမှုများကို သရုပ်ဖော်ဆောင်ထားပါသည်။ သရုပ်ဖော်ရာတွင် မြူခိုးအလင်းတန်း အချိန်လေဟာပြင်ကူးလမ်းကြောင်း၊ မြစ်ရှုခင်း၊ စစ်ပွဲမီးရောင်တန်းများစသဖြင့်တို့နှင့် အနုပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်တို့သည် တစ်သားတည်းဖြစ်သွားပြီး ပရိသတ်များအား အလွန်တရာ လှပသော သဘာဝလွန်ကမ္ဘာလောကတစ်ခုဆီသို့ ခေါ်ဆောင်လည်ပတ်သွားမည် ဖြစ်ပါသည်။



အိပ်မက်ထဲမှ ဇာတိမြေ


WeChat Image_20210625101211.jpg


“အိပ်မက်ထဲမှ ဇာတိမြေ” တောတောင်ရေမြေ မြင်ကွင်းအစစ်သရုပ်ဖော်ဖျော်ဖြေမှုသည် အခန်းပြင် သဘာဝရေမြေတောတောင်ရှုမျှော်ခင်းများကို အမှီပြု၍ ရိုးရာစင်မြင့်ဖျော်ဖြေရေးအနုပညာကို ခေတ်မီအသံအလင်းနည်းပညာများနှင့် ပေါင်းစပ်ထားသည့် နည်းလမ်းကို အသုံးပြုထားသဖြင့် ပရိသတ်များအား ရှေးခေတ်ဟောင်း ဟွေးကျိုး(Huizhou)မြေသို့ ပြန်လည်ရောက်ရှိသွားစေပြီး လယ်လုပ်ငန်းတစ်ဖက် ကျောင်းတစ်ဖက်ဖြင့် လေ့လာသင်ယူခြင်းယဉ်ကျေးမှု၏ ရှည်ကြာလှသော သမိုင်းများကို စူးစမ်းရှာဖွေစေမည် ဖြစ်ပါသည်။


WeChat Image_20210618125224.jpg

↑↑↑ 


QR Code ကို ကြာကြာဖိနှိပ်၍ အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်လေ့လာခံစားနိုင်ပါသည်။