တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၄)နှစ်ပြည့်အထိမ်းအမှတ် ကဏ္ဍတွဲဗီဒီယိုတင်ဆက်ခြင်းအစီအစဉ် မိတ်ဆက်
၁၉၅၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့သည် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တရားဝင် ထူထောင်သည့်နေ့ ဖြစ်ပါသည်။ နှစ်ပေါင်း (၇၀) ကျော်ကာလတစ်လျှောက်တွင် ခေတ်ကာလများ ပြောင်းလဲလာခဲ့သော်လည်း နှစ်နိုင်ငံပြည်သူများသည် စိတ်ရင်းစိတ်မှန်ဖြင့် ရင်းနှီးချစ်ခင်လျက်ပင် ဖြစ်သည်။ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၄)နှစ်ပြည့်အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာ၊ တက်ဟုန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီကော်မတီပြန်ကြားရေးဦးစီးဌာနတို့မှ “အသွားအပြန်ရှိတဲ့ ပေါက်ဖော်မေတ္တာ တလက်လက်လင်းနေတဲ့ နုပျိုသစ္စာ” ကဏ္ဍတွဲဗီဒီယိုတင်ဆက်ခြင်းအစီအစဉ်ကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ အွန်လိုင်းပလက်ဖောင်းများတွင် ယခုရက်ပိုင်း တင်ဆက်သွားမည် ဖြစ်ပါသည်။ ယင်းဗီဒီယိုများသည် ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာ၊ တက်ဟုန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီကော်မတီပြန်ကြားရေးဦးစီးဌာနတို့မှ စီစဉ်ရိုက်ကူးခြင်း ဖြစ်ပြီး “တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေထိုင်နေသော မြန်မာနိုင်ငံသား” နှင့် “မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေထိုင်နေသော တရုတ်နိုင်ငံသား” ဟူ၍ သာမန်လူတန်းစားတို့၏ ရှုထောင့်မှနေ၍ မိမိတို့၏ ဇာတ်ကြောင်းများကို မျှဝေမိတ်ဆက်ရင်းဖြင့် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ၊ အေးအတူ ပူအမျှ မှီတင်းနေထိုင်သည့် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူ သဘောထားကို ပေါ်လွင်စွာ ဖော်ပြထားပါသည်။