"မင်္ဂလာပါ နွေဦးအခါ" ၂၀၂၄ ခုနှစ် တရုတ်နွေဦးနှစ်သစ်ကူးဗီဒီယို တင်ဆက်မှု "ယူနန်လို့ခေါ်တဲ့ ဘဝမျိုးရှိပါတယ် နှစ်သစ်ရဲ့အရသာ" မီးပုံးပွဲတော် အထူးအစီအစဉ်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2024-02-24 06:16:54


"ယူနန်လို့ခေါ်တဲ့ ဘဝမျိုးရှိပါတယ် နှစ်သစ်ရဲ့အရသာ" မီးပုံးပွဲတော် အထူးအစီအစဉ်


မင်္ဂလာပါ။ နွေဦးရာသီရောက်လာပါပြီ။ ယွမ်ရှောင်းမီးထွန်းပွဲတော်သည် အရေးပါသော တရုတ်ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။ ယင်းပွဲတော်သည် တရုတ်နွေဦးနှစ်သစ်ကူးကာလ၏ နောက်ဆုံးပွဲတော်တစ်ခု ဖြစ်ပြီး နှစ်စဥ် တရုတ်ပြက္ခဒိန်၏ (၁)လပိုင်း (၁၅)ရက်နေ့တွင် ကျရောက်သည်။ ယင်းပွဲတော်နေ့ရောက်လျှင် အိမ်တိုင်းအိမ်တိုင်းတွင် ဆွေမျိုး၊ မိတ်ဆွေများ အတူစုပြီး မီးပုံးအလှရှုစားခြင်း၊ မုန့်လုံးရေပေါ်သုံးဆောင်ခြင်း၊ မီးပုံးစကားထာဖွဲ့ခြင်း၊ မီးပန်းလွှတ်ခြင်း စသည့် ရိုးရာဓလေ့များ ပြုလုပ်ရင်း ပွဲတော်ကို ကြိုဆိုဖြတ်သန်းကြသည်။ ထို့အပြင် နှစ်သစ်အခါသမယတွင် အလုပ်အကိုင်များ အဆင်ပြေချောမွေ့ပြီး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းများ ပြုကြသည်။