၂၀၂၃ ခုနှစ် ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး အစီအစဉ်ထဲရှိ “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲ၏ ဆုရရှိသူများစာရင်း ထွက်ပေါ်လာပါပြီ။

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2023-02-03 12:09:36



ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်ရိုးရာယုန်နှစ်ကို ကြိုဆိုဂုဏ်ပြုရင်း တရုတ်နွေဦး နှစ်သစ်ကူးပွဲတော်ကို မြန်မာပရိသတ်များနှင့် အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲလိုသော ရည်ရွယ်ချက်ဖြင့် “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်” စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုတစ်ကြိမ်ပြိုင်ပွဲတွင် ပြိုင်ပွဲ၏ ခေါင်းစဉ်ကြီးဖြစ်သော “ကြည်နူးရွှင်ပျော် တရုတ်နှစ်သစ်ကူးပွဲတော်”နှင့် သက်ဆိုင်သည့် အကြောင်းအရာများဖြင့် ရေးသားယှဉ်ပြိုင်ရမည်ဖြစ်ပြီး တရုတ်နှစ်သစ်ကူးအမှတ်တရများ၊ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ဖြစ်ပေါ်လာပုံ၊ တရုတ်နှစ်ကူးဓလေ့ထုံးစံများ၊ တရုတ်နှစ်သစ်ကူးပွဲတော်၏ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ (သို့) မေ့မရနိုင်ဖွယ် အမှတ်တရဖြစ်ရပ်၊ မိမိ၏ စိတ်ခံစားချက်များ အစရှိသည်တို့ကို ပေးပို့ယှဉ်ပြိုင်နိုင်သည်။ ယင်းပြိုင်ပွဲအတွက် စာမူများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် စတင်လက်ခံခဲ့ပါသည်။


ယင်းပြိုင်ပွဲ စတင်ကျင်းပချိန်မှစ၍ ပရိသတ်များ၏ အလေးထားမှုနှင့် တက်ကြွစွာ ပါဝင်မှုများကို ရရှိခဲ့ပါသည်။ ဇန်နဝါရီလ (၄) ရက်နေ့ ပြိုင်ပွဲအကြောင်း ကြေညာချက်ထုတ်ပြန်ချိန်မှစတင်၍ (၂၇) ရက်နေ့ စာမူများလက်ခံခြင်း ပြီးဆုံးချိန်အထိ အကြီးတန်းအုပ်စုအတွက် ပြိုင်ပွဲဝင် (၂၉) ဦးနှင့် လူငယ်တန်းအုပ်စုအတွက် ပြိုင်ပွဲဝင် (၁၁) ဦးတို့ ယင်းအစီအစဉ်တွင် ပေးပို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ပြိုင်ပွဲဝင်များ ပေးပို့သော စာမူများအား ပြိုင်ပွဲ၏ သတ်မှတ်ခေါင်းစဉ်ကြီးနှင့် ဆက်စပ်မှုရှိမှု၊ အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်မှု၊ ဘာသာစကား အသုံးအနှုန်းနှင့် အရေးအသား ချောမွေ့ပြေပြစ်မှု၊ ရေးသားဖော်ပြချက် အသက်ဝင်မှု၊ အကြောင်းအရာ စိတ်ဝင်စားဖွယ်ကောင်းမှုများအပေါ် မူတည်၍ အကဲဖြတ်စိစစ်ကာ အကြီးတန်းအုပ်စုအတွက် ဆုရရှိသူ (၃) ဦးနှင့် လူငယ်တန်းအုပ်စုအတွက် ဆုရရှိသူ (၃) ဦး၊ စုစုပေါင်း (၆) ဦးတို့ကို ရွေးချယ်ချီးမြှင့်ခဲ့ပါသည်။


၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့ (တရုတ်ရိုးရာ မီးထွန်းပွဲတော်နေ့) တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ဆုရပြိုင်ပွဲဝင်များအား အီးမေးလ် (သို့) ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသွားပါမည်။


ဆုရအမည်စာရင်းတွင် မိမိနာမည် ပါဝင်သလားကို အတူကြည့်ရှုလိုက်ကြပါစို့


WeChat Image_20230202142047.png

WeChat Image_20230104111825.jpg